■ ကွန်တီ၏နောက်တွင်ကစားသမားများရှိသည်ဟု ဒရင့်ဝါတာ ဆို

■ ကွန်တီ၏နောက်တွင်ကစားသမားများရှိသည်ဟု ဒရင့်ဝါတာ ဆို
Published 1 February 2018

 

Photo: Chelsea Season

 

ချယ်လ်ဆီးအသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဒရင့်ဝါတာက အသင်းတွင် အနာဂတ်လှုပ်ခတ်နေသော နည်းပြ ကွန်တီ၏နောက်တွင် မိမိတို့ကစားသမားများ အားပေးထောက်ခံမှုအပြည့်ဖြင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နွေရာသီက လက်စတာမှ ချယ်လ်ဆီးသို့ ရောက်ရှိလာသော ဒရင့်ဝါတာက " ကျွန်တော်တို့ ကစားသမားတွေ အနေနဲ့ နည်းပြဖြစ်သူအပေါ်မှာ ယုံကြည်ချက်အပြည့်အ၀ ရှိပါတယ်။ အသင်းအတွက် ကျွန်တော်တို့ အာရုံစိုက်ပြီး ရလဒ်ကောင်းတွေရရှိအောင် ကြိုးစားမှာပါ" ဟု ပြောကြားခဲ့သည်။

ကွန်တီသည် လက်ရှိတွင် ချယ်လ်ဆီးအသင်းဒါ ရိုက်တာအဖွဲ့ဝင်များနှင့် မပြေလည်ဟု သတင်းများထွက် ပေါ်လျက်ရှိသည်။

Most Read

Most Recent