BBC တိုက်စစ်အတွဲ၏ သွင်းဂိုးအရေအတွက် စုစုပေါင်း (၄၀၀) ပြည့်မြောက်

BBC တိုက်စစ်အတွဲ၏ သွင်းဂိုးအရေအတွက် စုစုပေါင်း (၄၀၀) ပြည့်မြောက်
Published 30 January 2018

ရီးယဲလ်မက်ဒရစ်အသင်း၏ နာ မည်ကျော်တိုက်စစ်အတွဲဖြစ်သည့် BBC သည် ဗလင်စီယာအသင်းကို အဝေးကွင်းတွင် (၁-၄)ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်ပွဲစဉ်၌ သွင်းဂိုး (၄၀၀) ပြည့်မြောက်ခဲ့သည်။

BBC တိုက်စစ်အတွဲသည် ပွဲ ထွက်လူစာရင်းတွင် အစုံအလင်မကစားရသည့် နေ့ပေါင်း (၂၈၀)အထိ ကြာမြင့်ခဲ့ပြီးနောက် ဗလင်စီယာနှင့် ပွဲစဉ်တွင် ပထမဆုံး ပြန်လည်တွဲဖက် ကစားခွင့်ရခဲ့ပြီး ရီးယဲလ်မက်ဒရစ် အသင်းသည် ယင်းပွဲတွင် ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ယင်းမတိုင်မီက ဘန်ဇီမာ၊ ဘေးလ်နှင့် စီရော်နယ်လ်ဒိုတို့ စတင်တွဲဖက်ချိန်မှစ၍ သွင်းဂိုးအရေအတွက် စုစုပေါင်းမှာ (၃၉၈)ဂိုးရှိခဲ့ပြီး ဗလင်စီယာနှင့် ပွဲတွင် စီရော်နယ်လ်ဒိုက ပယ်နယ်တီသွင်း ဂိုးနှစ်ဂိုးသွင်းယူခဲ့ပြီးနောက် ဂိုး (၄၀၀) ပြည့်မြောက်ခဲ့ခြင်းလည်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ယခုရာသီတွင် သွင်းဂိုးနှုန်းကျဆင်းမှုများအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ သော်လည်း ရီးယဲလ်မက်ဒရစ်အသင်းတွင် ဂိုးအများဆုံးသွင်းသူအဖြစ် ပြိုင်ပွဲစုံတွင် သွင်းဂိုး (၂၀)သွင်းယူထား ပြီး ဘေးလ်က (၉)ဂိုးနှင့် ဘန်ဇီမာက ပွဲအများဆုံးကစားထားသော်လည်း (၆)ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။

Most Read

Most Recent