သြစတြေးလျအိုးပင်းဗိုလ်လုပွဲတွင် ဆီလစ်ကို ဖက်ဒါရာ အနိုင်ယူဗိုလ်စွဲ

သြစတြေးလျအိုးပင်းဗိုလ်လုပွဲတွင် ဆီလစ်ကို ဖက်ဒါရာ အနိုင်ယူဗိုလ်စွဲ
Published 29 January 2018

သြစတြေးလျအိုးပင်းဗိုလ်လုပွဲအဖြစ် ဆွစ်ဇာလန်နာမည်ကျော် တင်းနစ်သမား
ဖက်ဒါရာနှင့် ခရိုအေးရှားမှ မာရီယိုဆီလစ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဖက်ဒါရာက
၆-၂၊ ၆-၇၊ ၆-၃၊ ၃-၆၊ ၆-၁ ဖြင့် အကြိတ်အနယ်ကစားကာ အနိုင်ယူခဲ့ပြီး ဂရင်း
စလင်းချန်ပီယံဆုပေါင်း အခု(၂၀)အထိရယူခဲ့သည့် ပထမဆုံးကစားသမားအဖြစ်
မှတ်တမ်းဝင်ခဲ့သည်။

ဖက်ဒါရာသည် သြစတြေးလျအိုးပင်းပြိုင်ပွဲတွင် ၂၀၀၄၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၉၊
၂၀၁၀၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်များက ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ၂၀၀၉ မှလွဲ၍
ကျန်သည့်အကြိမ်တိုင်း ဗိုလ်စွဲခဲ့သည်။

Most Read

Most Recent