၂၀၁၈ မြန်မာအိုးပင်း ဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသား ပေါလ်ပီတာဆန် ဗိုလ်စွဲ

၂၀၁၈ မြန်မာအိုးပင်း ဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသား ပေါလ်ပီတာဆန် ဗိုလ်စွဲ
Published 28 January 2018

 

ဇန်နဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ရှိ ပန်းလှိုင်ဂေါ့ဖ်ကွင်း၌ ကျင်းပခဲ့သော ၂၀၁၈ မြန်မာအိုးပင်း ဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသား ပေါလ်ပီတာဆန် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကစားသမား ၁၅၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာရှ နိုင်ငံများသာမက အခြားနိုင်ငံများတွင်လည်း ရုပ်သံမှ တိုက်ရိုက်ပြသခဲ့သည်။ ပီတာဆန်သည် ယခုပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် (၁၃)ချက်လျော့ရိုက်ပြီး ပြိုင်ဘက်များကို ကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောကစားသမားများထဲတွင် ရဲထက်အောင်သည် သတ်မှတ်ရိုက်ချက် (၁)ချက်လျော့ရိုက်ကာ အဆင့် (၃၅)နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး
ပြည်တွင်းကစားသမားများထဲတွင် အမြင့်ဆုံး ရပ်တည်နိုင်ခဲ့သည်။

Most Read

Most Recent