<

၂၀၁၈ MNL ပွဲစဉ်(၃) ပထမနေ့တွင် ဧရာဝတီသရေကျပြီး ရတနာပုံနှင့် မကွေးအနိုင်ရ

၂၀၁၈ MNL ပွဲစဉ်(၃) ပထမနေ့ပွဲစဉ်များကို ယနေ့တွင် စတင်ကျင်းပခဲ့ရာ ဧရာဝတီအသင်းမှာ သရေကျခဲ့ပြီး ရတနာပုံနှင့် မကွေးတို့ အသီးသီးအနိုင်ရခဲ့ကြောင်းသိရသည်။
ဧရာဝတီအသင်းသည် (၃)ပွဲမြောက် နိုင်ပွဲပျောက်ဆုံးနေခြင်းဖြစ်ပြီး အိမ်ကွင်းတွင် ရခိုင်အသင်းနှင့် (၁-၁)ရလဒ်ဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။ ပွဲချိန် (၂၂)မိနစ်တွင် အောင်ကောင်မာန်၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဇော်ဝင်းက ရခိုင်အသင်းအတွက် (၅၆)မိနစ်တွင် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

Photo – ညီညီစိုးညွန့်

အာင်ဆန်းကွင်းတွင် GFA FC အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရတနာပုံအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့
ကြောင်း သိရသည်။ရတနာပုံအသင်းအတွက် အနိုင်ဂိုးများကို သက်နိုင်နှင့် မြတ်ကောင်းခန့််တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဆောက်သမ်းမြန်မာ အသင်းနှင့်မကွေး အသင်းတို့၏ပွဲစဉ်တွင်မကွေးအသင်းက မောင်မောင်စိုး၊ အောင်မြင့်ထွန်းတို့၏သွင်းဂိုးဖြင့် အိမ်ရှင် ဆောက်သမ်းမြန်မာကို အနိုင်ယူပြီး (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်ခဲ့သည်။

January 27, 2018














Copy Protected by Chetan's WP-Copyprotect.