အလက်ဆစ်ဆန်းချက်ဇ်၏ ပွဲဦးထွက်ခြေစွမ်းကို မော်ရင်ဟိုကျေနပ်

အလက်ဆစ်ဆန်းချက်ဇ်၏ ပွဲဦးထွက်ခြေစွမ်းကို မော်ရင်ဟိုကျေနပ်
Published 27 January 2018

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟိုကပြီးခဲ့သည့် ယိုဗယ်လ်အသင်းနှင့် FA ဖလား  စတုတ္ထအဆင့်ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်အတွက်ပွဲဦးထွက်ကစားခဲ့သော အလက်ဆစ်ဆန်းချက်ဇ်၏ ခြေစွမ်းကိုကျေနပ်မိကြောင်း ပြောကြားခဲ့သည်။

အလက်ဆစ်ဆန်းချက်ဇ်သည် ယင်းပွဲတွင် ခြေစွမ်းပြခဲ့ပြီးမန်ချက်စတာယူနိုက်တက်အသင်းအတွက် ဂိုး(၂)ဂိုးဖန်တီးပေးနိုင်ခဲ့ကာ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရသည်။'' သူက ကျွန်တော်တို့အသင်းနဲ့ (၃)ရက်လောက်ပဲ အတူလေ့ကျင့်ခန်းဆင်းရသေးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ခြေစွမ်းက အံ့အားသင့်စရာပါပဲ။ အသင်းဖော်တွေအကြောင်း သူနားလည်လာမယ်ဆိုရင်၊ အသင်းဖော်တွေကလည်း သူ့ကို နားလည်လာမယ့်ဆိုရင် ပိုကောင်းလာပါဦးမယ်။ အတွေ့အကြုံရင့်ကျက်မှုနဲ့ အဆင့်အတန်းတစ်ခုကို ပြသနိုင်ခဲ့တယ်'' ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

ထို့ပြင်မော်ရင်ဟိုက ယိုဗယ်လ်အသင်း၏ ကစားပုံကြမ်းတမ်းမှုကိုအပြစ်တင်ခဲ့ပြီး ကစားသမားများကို ယခုထက်ပိုမိုအကာအကွယ်ပေးသင့်ကြောင်း ဝေဖန်ခဲ့သည်။

Most Read

Most Recent