ပြိုင်ဘက်အသင်းက တစ်ဂိုးသွင်းရင် မြန်မာက နှစ်ဂိုး ပြန်သွင်းနိုင်ရမယ် ဆိုတဲ့ အောင်သူ

ပြိုင်ဘက်အသင်းက တစ်ဂိုးသွင်းရင် မြန်မာက နှစ်ဂိုး ပြန်သွင်းနိုင်ရမယ် ဆိုတဲ့ အောင်သူ
Published 11 August 2017

၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ယနေ့နေ့လည်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ထွက်ခွာသွားခဲ့သည့် မြန်မာ ယူ - ၂၂ အသင်း နည်းပြချုပ်နှင့် ကစားသမား အချို့နှင့် မေးမြန်းမှုများကို ဖော်ပြအပ်ပါသည်။

■ ဂတ်ဖရိုင်းဒရစ် (နည်းပြချုပ်)

ဒီပြိုင်ပွဲက ရွှေတံဆိပ်ကို မျှော်မှန်းပြီးသွားပြိုင်တဲ့ ပြိုင်ပွဲတစ်ခုပါ။ အဲ့ဒီရည်မှန်းချက် အတွက်လဲ အကောင်းဆုံး အစုအဖွဲ့ကို ပိုင်ဆိုင်ထားပါတယ်။

■ စည်သူအောင်

ဒီပြိုင်ပွဲမှာ ဆုတံဆိပ်ရဖို့အတွက် အားလုံးက မျှော်မှန်းကြပါတယ်။ အကောင်းဆုံးပုံစံနဲ့ ပရိသတ်တွေ ကျေနပ်အောင် ယှဉ်ပြိုင်မှာပါ။ အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ အကောင်းဆုံး ကြိုးစားပါ့မယ်။

■ အောင်သူ

ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုမျိုးဆုရမယ် မရဘူး မျှော်မှန်းတာထက် တစ်ပွဲချင်းစီနိုင်အောင် ကစားမယ်။ တစ်ပွဲချင်းစီကို အာရုံစိုက်ပြီး အကောင်းဆုံးဖြစ်အောင် ကစားမယ်။ ပြိုင်ဘက်အသင်းက တစ်ဂိုးသွင်းရင် မြန်မာက (၂) ဂိုး ပြန်သွင်းနိုင်ရပါမယ်။

 

■ မောင်မောင်လွင်

ဘယ်အသင်းကိုမှ အထင်မသေးဘဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ လက်ရှိလူစာရင်းက အကောင်းဆုံး အစုအဖွဲ့ပါပဲ။ ပြိုင်ပွဲကနေ အောင်မြင်မှုနဲ့ ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်။

Most Read

Most Recent