<

၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ ယူ – ၂၂ အသင်း ထွက်ခွာ

၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ ယူ – ၂၂ အသင်း မလေးရှားနိုင်ငံသို့ ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ရစဉ် ဓာတ်ပုံ – ကောင်းထက်အောင်

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ – ၂၂ အမျိုးသား အသင်းသည် ယနေ့ (သြဂုတ် ၁၁ ရက်) နေ့လည်ပိုင်း လေယာဉ်ဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

မြန်မာယူ ၂၂ အသင်းတွင် ကစားသမား ၂၀ ဦး ရွေးချယ်သွားခဲ့ပြီး နည်းပြချုပ်အဖြစ် ဂတ်ဖရိုင်းဒရစ်က ကိုင်တွယ်သွားမည်ဖြစ်သည်။

■ မြန်မာ ယူ-၂၂ အသင်း အပြီးသတ်လူစာရင်း

အုပ်ချုပ်သူ-ဦးသန်းတိုးအောင်၊
နည်းပြချုပ်-ဂတ် ဖရိုင်းဒရစ်၊
လ/ထနည်းပြ- ဦးကြည်လွင်၊ ဦးဇော်ဝင်းထွန်း၊ ဦးမြင့်ကို၊
ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊
ကြံ့ခိုင်ရေးနည်းပြ-ပိုပေါ့စကီး၊

■ဂိုး-ဘုန်းသစ္စာမင်း၊ ဆန်းဆက်နိုင်၊
နောက်-နန်းဝေမင်း၊ သီဟထက်အောင်၊ သောင်လျပ်ထျန်၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင်၊ နိုင်လင်းထွန်း၊စည်သူအောင်၊နန္ဒကျော်
လယ်-ရဲရင့်ထွန်း၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ အောင်သူ ၊၊မောင်မောင်လွင်၊ မောင်မောင်စိုး၊ ရှိုင်းသူရ၊
ရှေ့- သန်းပိုင်၊ အောင်ကောင်း မာန်၊ ရွှေကို၊

August 11, 2017














Copy Protected by Chetan's WP-Copyprotect.