တူးလူးနည်းပြ ဒူပရပ်ဇ် ရာထူးမှ ထုတ်ပယ်ခံရ

တူးလူးနည်းပြ ဒူပရပ်ဇ် ရာထူးမှ ထုတ်ပယ်ခံရ
Published 23 January 2018

 

Photo: AFP

ပြင်သစ်လီဂူးကလပ် တူးလူးအသင်းသည် နည်းပြ ပတ်စ်ကယ်လ်ဒူပရပ်ဇ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။

ဒူပရပ်ဇ်သည် ၂၀၁၅-၁၆ ရာသီကုန်ခါနီးတွင် တူးလူးအသင်းကို စတင်တာဝန်ယူခဲ့ပြီး ယင်းရာသီတွင် တန်းဆင်းဇုန်မှလွတ်မြောက်အောင် ကူညီပေးခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆-၁၇ ရာသီတွင် အဆင့်(၁၃)နေရာ၌ ရပ်တည်နိုင်ခဲ့သော်လည်း လက်ရှိရာသီတွင်မူ တန်းဆင်းဇုန်အတွင်း ကျရောက်လျက်ရှိသည်။

ထို့ကြောင့် မောင့်ပယ်လီယာအသင်းကို ရှုံးနိမ့်အပြီးတွင် နောက်ဆုံး(၁၂)ပွဲ၌ နိုင်ပွဲတစ်ပွဲသာ ရရှိသည့်အတွက် ရာထူးမှ ထုတ်ပယ်ခံလိုက်ရခြင်းလည်းဖြစ်သည်။

၎င်း၏နေရာကို လက်ထောက်နည်းပြဖြစ်သူအား အစားထိုးခန့်အပ်လိုက်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent