လစာနှုန်းထားကြောင့် ဆန်းချက်ဇ်အား လက်လျှော့ခဲ့ရဟု ဂွါဒီယိုလာ ဝန်ခံ

လစာနှုန်းထားကြောင့် ဆန်းချက်ဇ်အား လက်လျှော့ခဲ့ရဟု ဂွါဒီယိုလာ ဝန်ခံ
Published 21 January 2018

Photo: Express

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချီလီတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်အား ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မြင့်မားလွန်းသည့် လစာနှုန်းထား တောင်းဆိုမှုကြောင့် လက်လျှော့ခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားသည်။

ဆန်းချက်ဇ်သည် ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်ကတည်းက မန်စီးတီးအသင်းသို့ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့ပြီး ဇန်နဝါရီဈေးကွက် စတင်ဖွင့်လှစ်ချိန်တွင်လည်း ခေါ်ယူရန် ထပ်မံကြိုးပမ်းခဲ့သည်။

သို့သော် ၎င်းအားကြိုးပမ်းမှု လက်လျှော့လိုက်ပြီဖြစ်ကြောင်း ဂွါဒီယိုလာက ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ဖော်ပြောကြားသည်။ ထို့နောက် မြို့ခံပြိုင်ဘက်မန်ယူအသင်းက တစ်ပတ် လုပ်ခ ပေါင် ၃၆၅၀၀၀၊ ပုံရိပ်အသုံးပြုခနှင့် ဆုကြေးများပါဝင်ပါက ပေါင်းငါးသိန်းဖြင့် (အခွန်မဆောင်မီ) လေးနှစ်ခွဲစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့သည်။

၎င်း၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဂွါဒီယိုလာက "ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့ကို ကိုင်တွယ်ခဲ့တဲ့အချိန်မှာရော၊ အခုအချိန်မှာပါ အသင်းအတွက် ဈေးကြီးလွန်းတယ်လို့ ယူဆထားတဲ့ ကစားသမားမျိုးကို ခေါ်ယူပေးဖို့ ဖိအားမပေးပါဘူး။ အသင်းရဲ့ဆုံးဖြတ်ချက်ကို လေးစားမှုရှိပြီး တခြားနည်းလမ်းနဲ့အဖြေရှာနိုင်ဖို့ ကြိုးစားမှာပါ။ အသင်းရဲ့တည်ငြိမ်မှုက အရေးကြီးဆုံးအချက်ပါပဲ"ဟု ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားသည်။

Most Read

Most Recent