လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
Published 20 January 2018

အက်စ်ပန်ညို နှင့် ဆီဗီလာ   (၂၀-၁-၂၀၁၈) စနေနေ့ ည ၆း၃၀ နာရီ

မွန်တဲလားလက်ထက်မှာ ဆီဗီလာ ခြေစွမ်းမပြောင်းလဲလာသေးဘူး။ ဒီပွဲမတိုင်ခင် နှစ်သင်းစလုံး ဘုရင့်ဖလားပွဲကစားထားရပြီး အဝေးကွင်း(၂)ပွဲဆက်ကစားရမယ့် ဆီဗီလာက ပွဲပိုပန်းနိုင်တယ်။ အက်စ်ပန်ညိုနဲ့ ဂိုးအနည်းပဲကောင်းမယ်။

အက်သလက်တီကို နှင့် ဟီရိုနာ   (၂၀-၁-၂၀၁၈) စနေနေ့ ည ၉း၄၅ နာရီ

ခံစစ်ကစားပုံပိုစိတ်ချလာရတဲ့အပြင် တိုက်စစ်မှာလည်း ဒီယေဂိုကော်စတာနဲ့ဗီတိုလိုတို့ကြောင့် မျှော်လင့်လို့ပိုရလာတဲ့ အက်သလက်တီကိုရဲ့အိမ်ကွင်းကစားအားကို ဟီရိုနာတောင့်ခံ နိုင်စွမ်းမရှိလောက်ပါဘူး။ ထုံးစံအတိုင်း အိမ်ကွင်းဂိုးရနည်းတဲ့ အက်သလက်တီကို ကို (၂-ဝ) လောက်ပဲမှန်းထားချင်တယ်။

ဗီလာရီးယဲလ် နှင့် လီဗန်တေး   (၂၀-၁-၂၀၁၈) စနေနေ့ ည ၁၂း၀၀ နာရီ

လီဗန်တေးရဲ့ အဝေးကွင်းခံစစ်ကစားအားကြောင့် ဗီလာရီးယဲလ်တို့ ဂိုးရဖို့ခက်ခဲနိုင်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် အိမ်ကွင်းမှာ ဗီလာရီးယဲလ်တို့ အမှားခံမှာ မဟုတ်ပါဘူး။ ဗီလာရီးယဲလ်ရဲ့အိမ်ကွင်း တိုက်စစ်အားကြောင့် အဝေးကွင်းခံစစ်အားနည်းတဲ့ လီဗန်တေး အခက်တွေ့ဦးမှာပါ။ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲရွေးထားလိုက်တယ်။

လက်စ်ပါမားစ် နှင့် ဗလင်စီယာ   (၂၁-၁-၂၀၁၈) တနင်္ဂနွေနေ့ နံနက် ၂း၁၅ နာရီ

လက်စ်ပါမားစ်ရဲ့လက်ရှိစိတ်ပျက်ဖွယ်ခြေစွမ်းမျိုးနဲ့တော့ ဗလင်စီယာကိုလည်း တောင့်ခံနိုင်ဦးမယ်မထင်ပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဗလင်စီယာတို့ ဒီလိုပွဲမျိုးကို အမှတ်ပြည့်ရယူမှာပါ။ ဗလင်စီယာနဲ့ ဂိုးအများပဲကြိုက်တယ်။

Most Read

Most Recent