မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပ ဘောလုံးပွဲစဉ်များ

မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပ ဘောလုံးပွဲစဉ်များ
Published 20 January 2018

■ ဘွန်ဒစ်လီဂါပွဲစဉ်

■ ဟာသာဘာလင် နှင့် ဒေါ့မွန် (၂၀-၁-၂၀၁၈ နံနက် ၂း၀၀ နာရီ)

ဟာသာဘာလင်က ဒုတိယရာသီဝက်အဖွင့်မှာပဲ ရှုံးပွဲစတွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကစားပုံမဆိုးပါဘူး။ အသင်းက အပြောင်းအလဲ လုပ်စရာလည်း မလိုသေးပါဘူး။ အိမ်ကွင်းပရိသတ်အားလည်းရှိတော့ လက်ရှိပုံစံနဲ့တင် ဒေါ့မွန်လိုအသင်းကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ ပြီးခဲ့တဲ့(၃)ရာသီဆက် ဘွန်ဒစ်လီဂါအိမ်ကွင်းတွေ့ဆုံမှုမှာလည်း ဟာသာဘာလင်က (၂)ပွဲနိုင်၊ (၁)ပွဲသရေကစားထားကာ ရှုံးပွဲမရှိခဲ့ဘူး။ ဒါပေမဲ့ ယုံကြည်မှုပျောက်နေတဲ့ ဝါရင့်တိုက်စစ်မှူး အိုင်ဘီဆီဗစ်ကို ပွဲထွက်စာရင်းမှာ ပြန်သုံးရင်တော့ ဟာသာဘာလင် မလွယ်လောက်ဘူး။ ဒေါ့မွန်အသင်းမှာ အူဘာမီယန်းရဲ့လွှမ်းမိုးမှုက အတော်လေးကြီးမားပါတယ်။ ဒီလိုကစားသမားမျိုးက အနာဂတ်မသေချာတော့တဲ့အချိန်မှာ အသင်းအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိနေပါတယ်။ ဒါ့အပြင် တောင်ပံတိုက်စစ်သမား ပူလီရှစ်ကဒဏ်ရာပြဿနာရှိနေပြီး ဆန်ချို၊ အီဆက်ခ်တို့က ဝါနုသလို၊ သမ္ဘာရင့်တွေဖြစ်တဲ့ ဂေါ့ဇီ၊ ရှိုလာတို့ကလည်း အားကိုးရတဲ့အနေအထားမျိုး မဟုတ်ပါဘူး။ ဟာသာဘာလင် အမှတ်ရနိုင်တယ်။

■ ဟာသာဘာလင်နှင့် ဒေါ့မွန်ပွဲစဉ်မှ ပွဲကြိုအချက်အလက်အချို့

■ ဟာသာဘာလင်အသင်းခံစစ်ပိုင်းသည် ဘွန်ဒစ်လီဂါအိမ်ကွင်းနောက်ဆုံး(၁၀)ပွဲတွင် ဂိုးမပေးရသည့်ပွဲ (၁)ပွဲသာရှိပြီး (၂၀)ဂိုးအထိခွင့်ပြုထားရသည်။
■ ဒေါ့မွန်အသင်းသည် ဘွန်ဒစ်လီဂါအဝေးကွင်းနောက်ဆုံး (၅)ပွဲတွင် (၁)ပွဲသာအနိုင်ရရှိထားပြီး (၂)ပွဲသရေ၊ (၂)ပွဲရှုံးနိမ့်ထားသည်။
■ ဟာသာဘာလင်အသင်း၏ ဘွန်ဒစ်လီဂါအိမ်ကွင်းနောက်ဆုံး (၅)ပွဲတွင် (၂)သင်းပေါင်းသွင်းဂိုးမှာ တစ်ပွဲပျမ်းမျှ (၃.၆)ဂိုးအထိရှိသည်။
■ ဒေါ့မွန်အသင်းသည် ဘွန်ဒစ်လီဂါအဝေးကွင်းနောက်ဆုံး (၂၅)ပွဲတွင် ဂိုးမသွင်းနိုင်သည့်ပွဲ (၂)ပွဲသာရှိသည်။

 

လာလီဂါပွဲစဉ်

■ ဂီတာဖေး နှင့် ဘီလ်ဘာအို (၂၀-၁-၂၀၁၈ နံနက် ၂း၃၀ နာရီ)

ဂီတာဖေးရဲ့အိမ်ကွင်းကစားပုံကျစ်လျစ်မှုကြောင့် ဘီလ်ဘာအိုအတွက် အနိုင်ရဖို့မလွယ်လောက်ပါဘူး။ ဒါပေမဲ့ အဝေးကွင်း နောက်ဆုံး(၃)ပွဲဆက် အရှုံးမရှိအောင်ကစားထားတဲ့ ဘီလ်ဘာအိုကြောင့် ဂိုးနည်းသရေပွဲပဲမှန်းထားချင်တယ်။

 

ပြင်သစ်လီဂူးပွဲစဉ်

■ ကိန်း နှင့် မာဆေးလ် (၂၀-၁-၂၀၁၈ နံနက် ၂း၁၅ နာရီ)

အရင်လို အိမ်ကွင်းမာကျောမှုဟာ ကိန်းအသင်းဆီမရှိတော့ဘဲ လွင့်စင်ပျောက်ကွယ်နေပြီး နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတယ်။ မာဆေးလ်က ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပီပြင်စေရေးအတွက် အမှားခံလို့မရဘူး။ မာဆေးလ် အမှတ်ရပါဦးမယ်။

 

 

Most Read

Most Recent