သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဖက်ဒါရာ တတိယအဆင့်သို့ (၁၉)ကြိမ်ဆက် တက်ရောက်

သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဖက်ဒါရာ တတိယအဆင့်သို့ (၁၉)ကြိမ်ဆက် တက်ရောက်
Published 19 January 2018

Photo: AFP

သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ၏ ဒုတိယအဆင့်ပွဲစဉ်များကို ယနေ့ ယှဉ်ပြိုင်ကစားခဲ့ရာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌ လက်ရှိချန်ပီယံ ဖက်ဒါရာသည် ဂျာမနီကစားသမား စထရပ်ဖ်ကို (၃)ပွဲပြတ်ဖြင့် အနိုင်ယူပြီး တတိယအဆင့်သို့ (၁၉)ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဖက်ဒါရာသည် စထရပ်ဖ်ကို (၆-၄၊ ၆-၄၊ ၇-၆(၇-၄))ဖြင့် လွယ်လွယ်ကူကူ (၃)ပွဲပြတ်အနိုင်ယူခဲ့ခြင်းဖြစ်သည်။

ဂျိုကိုဗစ်မှာမူ မဲလ်ဘုန်းမြို့၏အပူဒဏ်အောက်တွင် ရုန်းကန်ခဲ့ရပြီး မွန်ဖေးလ်ကို (၄)ပွဲကစားပြီးမှ (၄-၆၊ ၆-၃၊ ၆-၁၊ ၆-၃)ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ထို့ပြင် နာမည်ကြီး ဆွစ်တင်းနစ်သမား ဝေါ်ရင်ကာမှာလည်း အမေရိကန်တင်းနစ်သမား ဆန်ဂရန်ကို (၆-၂၊ ၆-၁၊ ၆-၄)ဖြင့် (၃)ပွဲပြတ်အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရကြောင်း သိရှိရသည်။

အမျိုးသမီးတစ်ဦးချင်းပွဲစဉ်များတွင် မူဂူရူဇာ၊ ဘူချတ်နှင့် ကွန်တာတို့ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ဟာလက်၊ ခါဘာ၊ ဆာဖာရိုဗာ၊ နာအိုမီအိုဆာကာနှင့် ရှာရာပိုဗာတို့ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent