အာဆင်နယ်အသင်းတွင် ရာသီကုန်အထိ အိုဇေးလ် ဆက်ရှိမည်ဟု အာစင်ဝင်းဂါး ပြောကြား

အာဆင်နယ်အသင်းတွင် ရာသီကုန်အထိ အိုဇေးလ် ဆက်ရှိမည်ဟု အာစင်ဝင်းဂါး ပြောကြား
Published 19 January 2018

Photo: arsenalfc

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်သည် ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာမည်မဟုတ်ဘဲ ရာသီကုန်အထိ အသင်းတွင် ဆက်ရှိနေမည်ဟု ပြောကြားခဲ့သည်။

အိုဇေးလ်သည် ယခုရာသီကုန်တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လစာတိုးမြှင့်တောင်းဆိုမှုကြောင့် သက်တမ်းတိုးနိုင်ခြင်းမရှိသေးသူလည်းဖြစ်သည်။

ထို့ကြောင့် ဆန်းချက်ဇ်နည်းတူ အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု ထင်ကြေးပေးခံခဲ့ရသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေသည့်အသင်းများလည်း ရှိနေသည်။

ယခုအခါ ဆန်းချက်ဇ်မှာ မန်ယူအသင်းသို့ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားပြီဖြစ်သလို၊ ဝေါလ်ကော့မှာလည်း အဲဗာတန်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်၍ အိုဇေးလ်၏အနာဂတ်အတွက် မေးမြန်းခဲ့ရာ အာစင်ဝင်းဂါးက အနည်းဆုံးရာသီကုန်အထိ အသင်းတွင် ဆက်ရှိမည်ဖြစ်ကြောင်းနှင့် စာချုပ်သက်တမ်းတိုးနိုင်ရန် ဆက်လက်ညှိနှိုင်းသွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အာစင်ဝင်းဂါးက "ကျွန်တော်တို့ ဘာလိုချင်တယ်ဆိုတာ သိပါတယ်။ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ ဒီလို ဆက်ရှိနေဖို့ ဘယ်လိုဖြေရှင်းမှုတွေ ပြုလုပ်သွားရမလဲဆိုတာကိုလည်း ရှာဖွေသွားမှာပါ။ အိုဇေးလ်ကိုရော ဝဲလ်ရှိုင်းယားကိုပါ သက်တမ်းတိုးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent