ပရာချွတ်အတွက် ပထမဆုံးကစားသည့်ပွဲ၌ နန္ဒလင်းကျော်ချစ် ဂိုးသွင်း

ပရာချွတ်အတွက် ပထမဆုံးကစားသည့်ပွဲ၌ နန္ဒလင်းကျော်ချစ် ဂိုးသွင်း
Published 18 January 2018

ထိုင်းလိဂ်-၁ ကလပ် ပရာချွတ်အသင်း တွင် အငှားသွားရောက်ကစားနေသည့် မြန်မာ့ လက်ရွေးစင်ဟောင်း တောင်ပံကစားသမား နန္ဒလင်းကျော်ချစ်သည် အသင်းအတွက် ပထမဆုံးကစားသည့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ ကြောင်း သိရသည်။

ပရာချွတ်အသင်းသည် ရာသီကြိုခြေစမ်း ပွဲအဖြစ် ဇန်နဝါရီ ၁၇ ရက်က ထိုင်းလိဂ်-၂ ကလပ် Army United အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး နန္ဒ လင်းကျော်ချစ်က တစ်ဂိုးသွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ နန္ဒလင်းကျော်ချစ်သည် ထိုင်းလိဂ် -၁ သို့ တန်းတက်လာသည့် ပရာချွတ်အသင်း နှင့် ဇန်နဝါရီ ၁၅ ရက်တွင် အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ပြီး နှစ်ရက်အကြာတွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ နန္ဒလင်း ကျော်ချစ်သည် ထိုင်းလိဂ်-၁ တွင် တတိယ မြောက်ကစားခွင့်ရသည့် မြန်မာကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တစ်လလျှင် လစာ ဒေါ်လာ ၅၀၀၀ ရရှိမည်ဖြစ်သည်။

Most Read

Most Recent