မိမိအသင်း ပယ်နယ်တီတွင် ကျိန်စာဆိုးမိနေသည်ဟု နည်းပြဦးစိုးမြတ်မင်း ညည်းတွား

မိမိအသင်း ပယ်နယ်တီတွင် ကျိန်စာဆိုးမိနေသည်ဟု နည်းပြဦးစိုးမြတ်မင်း ညည်းတွား
Published 17 January 2018

ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးစိုးမြတ်မင်းက မိမိတို့အသင်း ပယ်နယ်တီတွင် ကျိန်စာဆိုးမိနေသည်ဟု ခံစားရကြောင်း ညည်းတွား ပြောကြားသည်။

ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ပထမအဆင့်တွင် ပယ်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သလို ရာသီကြို Charity Cup ပြိုင်ပွဲတွင်လည်း ရန်ကုန်အသင်းကို ပယ်နယ်တီတွင် အရေးနိမ့်ခဲ့သည်။

ထို့ကြောင့် ဦးစိုးမြတ်မင်းက “ကျွန်တော့်ကစား သမားတွေ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ကံမကောင်းခဲ့ပါဘူး။ ဒဏ်ရာရ ကစားသမားတွေ ရှိနေတာကြောင့်လည်း အသင်းကိုပြင်ဆင်ရာမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အသင်းက ပယ်နယ်တီ ကျိန်စာဆိုးမိနေတယ်လို့တောင် ခံစားမိပါတယ်။

ထရိန်နင်ကွင်းမှာ ပယ်နယ်တီ ကန်သွင်းတာကို အမြဲလေ့ကျင့်ခဲ့ပေမယ့် ဒီရာသီ သုံးပွဲကစားရာမှာ နှစ်ပွဲက ပယ်နယ်တီမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အနိုင်ရသွားတဲ့ ဆီရက်စ်အသင်းကို ဂုဏ်ပြုပါတယ်။ နည်းစနစ်ဒါရိုက်တာ ဦးဆန်းဝင်း ကွယ်လွန်သွားပြီ ဖြစ်ပေမယ့် ကျွန်တော့်ဘေးမှာ အမြဲရှိနေတယ်လို့ ယုံကြည်ခံစားမိပါတယ်။ ဦးဆန်းဝင်းက ကျွန်တော့်အတွက် စံပြပုဂ္ဂိုလ်ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ အောင်မြင်မှုရအောင် အများကြီးပံ့ပိုးပေးခဲ့ပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent