ကြယ်ပွင့်များခေါ်ယူရန် ကလပ်စံချိန်ကို ချိုးဖျက်ရမည်ဟု ဘိုင်ယန်မြူးနစ် ဝန်ခံ

ကြယ်ပွင့်များခေါ်ယူရန် ကလပ်စံချိန်ကို ချိုးဖျက်ရမည်ဟု ဘိုင်ယန်မြူးနစ် ဝန်ခံ
Published 17 January 2018

Photo: Sportskeeda

ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်ချုပ် ရူမင်နစ်ဂီက ကြယ်ပွင့်ကစားသမားများ ခေါ်ယူရန် ကလပ်စံချိန်ကို ချိုးဖျက်ရမည်ဟု ဝန်ခံပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်း၏ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးမှာ ယူရို (၄၀.၅)သန်းဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီက ကွင်းလယ်လူ တိုလစ်ဆိုကိုခေါ်ယူရာတွင် သုံးစွဲခဲ့သည်။

ရူမင်နစ်ဂီက "ကစားသမားကောင်းကို ဈေးပေါပေါနဲ့ မရနိုင်တော့ပါဘူး။ ကစားသမားတစ်ဦးအတွက် ယူရိုသန်း(၈၀)ကနေ သန်း(၁၀၀)ကြားသုံးစွဲရတော့မယ်လို့ (ဥက္ကဋ္ဌ)အိုလီဟူးနက်စ်နဲ့ ကျွန်တော်တို့ သဘောတူညီထားပါတယ်"ဟု ဆိုခဲ့သည်။

သို့ရာတွင် ရူမင်နစ်ဂီက မိမိတို့အနေဖြင့် နေမာကဲ့သို့ အပြောင်းအရွှေ့မျိုးကို လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်းလည်း ဝန်ခံပြောကြားခဲ့သည်။ ယင်းကဲ့သို့ အပြောင်းအရွှေ့ကြီးကြီးမားမား လုပ်ဆောင်ရန် မိမိတို့တွင် ငွေမရှိသလို၊ စွန့်စားလိုခြင်းလည်းမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent