ချယ်လ်ဆီး၏ကွင်းပြုပြင်တည်ဆောက်ရေးစီမံကိန်း ဖြစ်လာရန်နီးစပ်လာ

ချယ်လ်ဆီး၏ကွင်းပြုပြင်တည်ဆောက်ရေးစီမံကိန်း ဖြစ်လာရန်နီးစပ်လာ
Published 17 January 2018

Photo: PA

ပရီးမီးယားလိဂ်ထိပ်သီးကလပ် ချယ်လ်ဆီးအသင်း၏အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြုပြင်တည်ဆောက်မည့် ပေါင်တစ်ဘီလီယံတန် စီမံကိန်းမှာ အကောင်အထည်ပေါ်ရန် နီးစပ်လာကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်တစ်နှစ်က ကွင်းပြုပြင်ရန် လန်ဒန်မြို့တော်ဝန်၏ ခွင့်ပြုချက်ရထားပြီးဖြစ်သော်လည်း ကွင်းအနီးရှိမိသားစုတစ်ခုမှ ယခုစီမံကိန်းကြောင့် နေအိမ်အတွင်းသို့ အလင်းရောင်ဝင်ရောက်မှုကို တားဆီးနေသဖြင့် ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဟမ်းမားစမစ်နှင့် ဖူလ်ဟမ်ကောင်စီများက ယင်းကိစ္စအတွက် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းမှာ လက်ရှိကွင်းတွင် ၂၀၁၉-၂၀ ရာသီကုန်အထိသာ နောက်ဆုံးကစားဖွယ်ရှိနေသည်။

Most Read

Most Recent