မော်ရင်ဟိုနှင့် ကွန်တီမှာ PSG အသင်း၏ အဓိကပစ်မှတ်ဖြစ်

မော်ရင်ဟိုနှင့် ကွန်တီမှာ PSG အသင်း၏ အဓိကပစ်မှတ်ဖြစ်
Published 15 January 2018

 

Photo: Mirror

မန်ယူအသင်းနည်းပြ မော်ရင်ဟိုနှင့် ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီတို့မှာ ပြင်သစ်ကလပ် PSG အသင်း၏အဓိကပစ်မှတ်နည်းပြများဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

PSG အသင်းသည် လက်ရှိ နည်းပြ အူနိုင်းအမ်မရီနှင့် လမ်းခွဲခဲ့ပါက ထိပ်တန်းနည်းပြတစ်ဦးကိုခန့်အပ်ရန် ဆန္ဒရှိနေပြီး မော်ရင်ဟိုနှင့် ကွန်တီတို့မှာ ၎င်းတို့အလိုရှိဆုံးနည်းပြများ ဖြစ်သည်ဟု Mirror သတင်းစာက ဖော်ပြခဲ့သည်။ စပိန်လူမျိုးနည်းပြ အူနိုင်းမရီအနေဖြင့် PSG အသင်းတွင် ဆက်ရှိနေရန်အတွက် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန်လိုအပ်နေပြီး အကယ်၍ ချန်ပီယံလိဂ်တွင် ဗိုလ်မစွဲပါက ၎င်းကို နွေရာ သီတွင် ရာထူးမှထုတ်ပယ်ရန် PSG အသင်းတာဝန်ရှိသူများက စဉ်းစားထားပြီးဖြစ်ကြောင်း ပြင်သစ်သတင်းစာများက ဖော်ပြခဲ့ကြသည်။

မော်ရင်ဟိုနှင့် ကွန်တီတို့၏ စာချုပ်သက်တမ်းများမှာ ၂၀၁၉ နွေရာသီမှသာ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေ အရ ကွန်တီမှာ ချယ်လ်ဆီးအသင်းတွင် အနာဂတ်လှုပ်ခတ်လျက်ရှိပြီး သူ့နေရာတွင် အစားထိုးဖွယ်ရှိသည့် နည်းပြများ၏အမည်စာရင်းများလည်း မကြာသေးမီက ထွက်ပေါ်လာခဲ့သည်။ PSG အသင်းသည် ချယ်လ်ဆီးအသင်းမှ ပြင်သစ်ကွင်းလယ်လူ ကွန်တေကိုလည်းခေါ်ယူရန် ပစ်မှတ်ထားနေပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကမ်းလှမ်းသွားဖွယ်ရှိကြောင်း ပြင်သစ်သတင်းစာ Le10 Sport က ဖော်ပြခဲ့သည်။

Most Read

Most Recent