အပြောင်းအရွှေ့အဆင်မပြေခြင်းကို ဘင်နီတက်ဇ် ညည်းတွား

အပြောင်းအရွှေ့အဆင်မပြေခြင်းကို ဘင်နီတက်ဇ် ညည်းတွား
Published 15 January 2018

 

နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေ နှင့် ဘင်နီတက်ဇ်

Photo: Chroniclelive

နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်က သူ၏အသင်းမှာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားခေါ်ယူမှုများ၌အဆင်မပြေကြောင်း မီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော နယူးကာဆယ်(၁-၁)ဆွမ်ဆီးပွဲအပြီး၌ ဘင်နီတက်ဇ်က " ကျွန်တော်တို့ ကစားသမားသစ်တွေခေါ်ဖို့ မနီးစပ်သေးပါဘူး။ ဒါကြောင့် လက်ရှိအသင်းမှာကစားနေတဲ့ ကစားသမား တွေကိုပဲ ကျွန်တော်တို့ အာရုံစိုက်ရပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

ဘင်နီတက်ဇ်နှင့် နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေတို့အကြား ငွေသုံးစွဲမှုနှင့်ပတ်သက်၍ မပြေလည်ကြောင်းလည်း သတင်းများက ဖော်ပြကြသည်။

Most Read

Most Recent