ရှီးယား၊ အွန်နရီတို့အပြီး (၄)ရာသီဆက် ပရီးမီးယားလိဂ်ဂိုး(၂၀)နှင့်အထက် သွင်းသည့် ကစားသမား ဟာရီကိန်း ဖြစ်လာ

ရှီးယား၊ အွန်နရီတို့အပြီး (၄)ရာသီဆက် ပရီးမီးယားလိဂ်ဂိုး(၂၀)နှင့်အထက် သွင်းသည့် ကစားသမား ဟာရီကိန်း ဖြစ်လာ
Published 14 January 2018

 

Photo: AFP

ဟာရီကိန်းသည် ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် သွင်းဂိုး(၂၀)ရှိပြီဖြစ်ရာ သူ့အနေဖြင့် နောက်ဆုံးပရီးမီးယားလိဂ် (၄)ရာသီဆက် ဂိုး(၂၀)နှင့်အထက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယခင်က ပရီးမီးယားလိဂ်တွင် အင်္ဂလန်တိုက်စစ်မှူး အလန်ရှီးယားမှာ ဘလက်ဘန်းနှင့် နယူးကာဆယ်အသင်းများတွင်ကစားစဉ် ၁၉၉၃-၉၄ ရာသီမှ ၁၉၉၆-၉၇ ရာသီအထိ (၄)ရာသီဆက် ဂိုး(၂၀)နှင့်အထက် သွင်းယူခဲ့ပြီး ပြင်သစ်တိုက်စစ်မှူး အွန်နရီမှာ အာဆင်နယ်အသင်း တွင်ကစားစဉ် ၂၀၀၁-၀၂ ရာသီမှ ၂၀၀၅-၀၆ ရာသီအထိ (၅)ရာသီဆက် ဂိုး(၂၀)နှင့်အထက် သွင်းယူခဲ့သည်။

၎င်းတို့နှစ်ဦးမှလွဲ၍ ပရီးမီးယားလိဂ်တွင် (၄)ရာသီဆက် ဂိုး(၂၀)နှင့်အထက် သွင်းယူနိုင်သူ မရှိဘဲ ဟာရီကိန်းမှာ တတိယမြောက်ကစားသမားအဖြစ် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ ယခုနှစ်ဘောလုံးရာသီ၌ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးမှာ ဂိုး(၂၀)သွင်းယူနိုင်ခဲ့ပါက ဟာရီကိန်းကဲ့သို့ မှတ်တမ်းမျိုးရရှိမည်ဖြစ်သည်။ အဂွဲရိုးသည် နောက်ဆုံးကစားခဲ့သော ပရီး မီးယားလိဂ်(၃)ရာသီ၌ ဂိုး(၂၀)နှင့်အထက် သွင်းဂိုးများ(၂၆၊ ၂၄၊ ၂၀)သွင်းယူထားနိုင်ခြင်းဖြစ်သည်။

Most Read

Most Recent