w စပါးအသင်း၏ ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသည့် ကစားသမားအဖြစ် ဟာရီကိန်း မှတ်တမ်းဝင် - Eleven Media Group <

စပါးအသင်း၏ ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသည့် ကစားသမားအဖြစ် ဟာရီကိန်း မှတ်တမ်းဝင်

 

Photo: AFP

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် စပါး(၄-၀)အဲဗာတန်ပွဲတွင် (၂)ဂိုးသွင်းယူခဲ့သော အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် စပါးအသင်း၏ ပရီးမီးယားလိဂ်ဂိုး အများဆုံးသွင်းသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

ဟာရီကိန်းသည် ယင်းပွဲ၏ ပွဲချိန်(၄၇)မိ နစ်နှင့် (၅၉)မိနစ်များတွင် (၂)ဂိုးသွင်းယူပေးခဲ့ ပြီး အသင်းအတွက် သူ၏ ပရီးမီးယားလိဂ်သွင်း ဂိုးစုစုပေါင်းမှာ (၉၈)ဂိုးအထိရှိလာခဲ့သည်။ ယခင်က စပါးအသင်းတွင် ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသည့်ကစားသမားအဖြစ် အင်္ဂလန် တိုက်စစ်မှူးဟောင်း တက်ဒီရှရင်ဂမ်က စံချိန်တင်ထားပြီး (၉၇)ဂိုးသွင်းယူထားခြင်းဖြစ်သည်။

သို့ဖြစ်ရာ ဟာရီကိန်းသည် တက်ဒီရှရင်ဂမ်၏စံချိန်ကို တစ်ဂိုးအသာ ဖြင့်ကျော်ဖြတ်ကာ ယင်းမှတ်တမ်းရရှိ ခဲ့ခြင်းဖြစ်သည်။ ဟာရီကိန်းသည် ယင်းဂိုးအရေ အတွက်ရရှိရန် ပရီးမီးယားလိဂ်ပွဲစဉ်(၁၃၅)ပွဲ သာကစားခဲ့ရပြီး အသက်(၂၄)နှစ်အရွယ်တွင် စံချိန်တင်ရှိခြင်းဖြစ်သည်။ ရှရင်ဂမ်မှာမူ (၉၇)ဂိုး မြောက်သွင်းယူသည့်အချိန်တွင် သူ၏အသက်အရွယ်မှာ (၃၇)နှစ်ရှိနေပြီဖြစ်ပြီး ယင်းဂိုးအရေအတွက်ရရှိရန် ပရီးမီးယားလိဂ်ပွဲစဉ်(၂၃၆)ပွဲအ ထိ ကစားခဲ့ရသည်။

သို့သော် ဟာရီကိန်းအနေဖြင့် အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသည့် ဂျင်မီဂရိဗ်စ်၏စံချိန်ကိုလိုက်မီရန် ဂိုးများစွာလိုအပ်နေသေးသည်။ ဟာရီကိန်း၏ ပြိုင်ပွဲစုံသွင်းဂိုးစုစုပေါင်းမှာ (၁၂၇)ဂိုးသာရှိပြီး ဂျင်မီဂရိဗ်စ်က (၂၆၆)ဂိုးအထိ သွင်းယူထားခြင်းဖြစ်သည်။ ဟာရီကိန်းသည် စပါးအသင်း၏ ပြိုင်ပွဲစုံဂိုးအများဆုံး သွင်းယူသူများစာရင်းတွင် ရှရင်ဂမ် (၁၂၄)ဂိုး၏အထက် အဆင့်(၉)နေရာ၌ ရပ်တည်နေသည်။

January 14, 2018














Copy Protected by Chetan's WP-Copyprotect.