လူမျိုးရေးခွဲခြားခဲ့သည်ဟု စွပ်စွဲခံရသော ဂျေးရိုဒရီဂွက်ဇ်အား FA စစ်ဆေးဖွယ်ရှိ

လူမျိုးရေးခွဲခြားခဲ့သည်ဟု စွပ်စွဲခံရသော ဂျေးရိုဒရီဂွက်ဇ်အား FA စစ်ဆေးဖွယ်ရှိ
Published 14 January 2018

 

 

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့ သော ပရီးမီးယားလိဂ်ပွဲစဉ် ဝက်စ်ဘရွန်း(၂-ဝ)ဘရိုက်တန်ပွဲ၌ လူမျိုးရေး ခွဲခြားခဲ့သည်ဟုစွပ်စွဲခံရသူ ဝက်စ်ဘရွန်းတိုက်စစ်မှူး ဂျေးရိုဒရီဂွက်ဇ်အား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က စုံစမ်းစစ်ဆေးသွားဖွယ်ရှိကြောင်း သိရှိရသည်။

ယင်းပွဲတွင် ဂျေးရိုဒရီဂွက်ဇ်သည် ဘရိုက်တန်နောက်ခံလူ ဂေတန်ဘွန်း အား လူမျိုးရေးခွဲခြားသောအသုံးအ နှုန်းများဖြင့် ပြောဆိုခဲ့သည်ဟု စွပ်စွဲခံနေရခြင်းဖြစ်သည်။ အင်္ဂလန်တိုက်စစ် မှူး ဂျေးရိုဒရီဂွက်ဇ်သည် သူ၏ပါးစပ်ကို လက်နှင့်ကွယ်၍ ကင်မရွန်းနောက်ခံလူ ဂေတန်ဘွန်းအား တစ်စုံတစ်ရာ ပြောဆိုခဲ့သည်ကို ရုပ်သံပြကွက်၌လည်း အထင်အရှားတွေ့ခဲ့ရသည်။

ယင်းပွဲအပြီးတွင် ဂေတန်ဘွန်းသည် ဒိုင်လူကြီး အက်ကင်ဆန်အား တွေ့ဆုံ၍ ၎င်းင်းအနေဖြင့် ဂျေးရိုဒရီဂွက်ဇ်၏ လူမျိုးရေးခွဲခြားပြောဆိုမှုကို ခံခဲ့ရကြောင်း တိုင်တန်းခဲ့သည်ဟု Daily mail သတင်းစာက ဖော်ပြခဲ့ သည်။ အက်ကင်ဆန်အနေဖြင့် ယင်းဖြစ်ရပ်ကို သူ၏ပွဲအစီရင်ခံစာတွင် ထည့်သွင်းရေးသားဖွယ်ရှိပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်(FA) သည် ယင်း အစီရင်ခံစာအပေါ်မူတည်၍ စုံစမ်းစစ် ဆေးမှုများပြုလုပ်ကာ ဂျေးရိုဒရီဂွက်ဇ် ကို အရေးယူသွားဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့သည်။

ဂျေးရိုဒရီဂွက်ဇ်ကမူ သူ့အနေဖြင့် အ မှားအယွင်းတစ်စုံတစ်ရာမပြုလုပ်ခဲ့ ကြောင်းပြောကြားကာ စွပ်စွဲမှုများကို ငြင်းဆန်ပယ်ချခဲ့သည်။ ဝက်စ်ဘရွန်းနည်းပြ အလန်ပါဂျူးကလည်း ယင်းဖြစ်ရပ်ကို သေသေ ချာချာတွေ့မြင်ခဲ့ခြင်းမရှိ၍ ပြောဆိုရန်ခက်ခဲကြောင်း၊ FA က စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဟု ထင်မြင်ကြောင်း ပွဲအပြီး ပြောကြားခဲ့သည်။

Most Read

Most Recent