ဝင်ဘလေမှာ အဲဗာတန်ကို စပါးဂိုးပြတ်အနိုင်ရပြီး ဟာရီကိန်း စံချိန်သစ်တင်

ဝင်ဘလေမှာ အဲဗာတန်ကို စပါးဂိုးပြတ်အနိုင်ရပြီး ဟာရီကိန်း စံချိန်သစ်တင်
Published 14 January 2018

 

ပရီးမီးယားလိဂ်ပွဲစဉ်(၂၃) စနေည နောက်ဆုံးပွဲအဖြစ် စပါးနဲ့ အဲဗာတန်တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး စပါးအသင်းက (၄-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

စပါးအသင်းမှာ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ အဲရစ်ဆင်၊ အယ်လီတို့လို အဓိက ကစားသမားတွေ အစုံအလင်ပါဝင်လာသလို၊ အဲဗာတန်မှာလည်း တိုက်စစ်မှူးသစ် တိုဆွန်နဲ့အတူ ရွန်နီ၊ ဘိုလာဆီ၊ ဆီဂတ်ဒ်ဆန်တို့ ပွဲထွက်လာပါတယ်။

စပါးအသင်းဟာ ခြေအသာဂိုးအသာနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းကတော့ စပါးဂိုးပေါက်ကို တစ်ကြိမ်မှ ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

စပါးအသင်းအတွက် ဂိုးတွေကို ဆွန်ဟောင်မင် (၂၆ မိနစ်)၊ ဟာရီကိန်း (၄၇၊ ၅၉ မိနစ်)နဲ့ အဲရစ်ဆင် (၈၁ မိနစ်)တို့က သွင်းယူပေးခဲ့ကြပါတယ်။

ဒီပွဲမှာ (၂)ဂိုးသွင်းယူနိုင်တဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၂၀)ပြည့်မြောက်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အွန်နရီ(၅ရာသီ)၊ အလန်ရှီးယား(၄ရာသီ)တို့နောက်ပိုင်း (၄)ရာသီဆက် ဂိုး(၂၀)နဲ့အထက် သွင်းယူနိုင်တဲ့ တတိယမြောက်ကစားသမား ဖြစ်လာပါတယ်။

ဒါ့အပြင် ဟာရီကိန်းရဲ့ ကစားသမားဘ၀ ပရီးမီးယားလိဂ်သွင်းဂိုးကလည်း (၉၈)ဂိုးအထိ ရှိလာပြီး စပါးအသင်းမှာ စံချိန်တင်ခဲ့တဲ့ ရှရင်ဂမ် (၉၇ ဂိုး)ကို ကျော်ဖြတ်ကာ ဂိုးအများဆုံးသွင်းသူဖြစ်လာပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်များ
ချယ်လ်ဆီး ဝ-၀ လက်စတာ
ခရစ္စတယ်ပဲလေ့စ် ၁-၀ ဘန်လေ
ဟတ်ဒါဖီးလ် ၁-၄ ဝက်စ်ဟမ်း
နယူးကာဆယ် ၁-၁ ဆွမ်ဆီး
ဝက်ဖို့ဒ် ၂-၂ ဆောက်သမ်တန်
ဝက်စ်ဘရွန်း ၂-၀ ဘရိုက်တန်
စပါး ၄-၀ အဲဗာတန်

Photo: Getty Images

■ လာလီဂါရလဒ်များ
ဟီရိုနာ ၆-၀ လက်စ်ပါမားစ်
ရီးယဲလ်မက်ဒရစ် ဝ-၁ ဗီလာရီးယဲလ်
အီဘာ ဝ-၁ အက်သလက်တီကို
ဒီပို့တီဗို ၁-၂ ဗလင်စီယာ

■ ဘွန်ဒစ်လီဂါရလဒ်များ
ဝါဒါဘရီမင် ၁-၁ ဟော်ဖန်ဟင်မ်
ဖရန့်ဖတ် ၁-၁ ဖရိုင်းဘတ်
အော့စ်ဘတ် ၁-၀ ဟမ်းဘတ်
ဟန်နိုဗာ ၃-၂ မိန့်ဇ်
စတုဂတ် ၁-၀ ဟာသာဘာလင်
လိုက်ပ်ဇစ် ၃-၁ ရှော်လ်ကေး

■ ပြင်သစ်လီဂူးရလဒ်များ
ရန်းစ် ဝ-၃ မာဆေးလ်
ကိန်း ဝ-၁ လိုင်လီ
ဒီယွန်း ၁-၁ မက်ဇ်
မောင့်ပယ်လီယာ ဝ-၀ မိုနာကို
နိုက်စ် ၁-၀ အာမီယန်စ်
ထရွိုင်စ် ဝ-၁ ဘော်ဒိုး

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
ကာဒစ်ဖ် ၄-၀ ဆန်းဒါးလန်း
ဘန်စလေ ဝ-၀ ဝုလ်ဗ်
ဘာမင်ဂမ် ဝ-၃ ဒါဘီ
ဘရန့်ဖို့ဒ် ၂-၀ ဘော်လ်တန်
ဘရစ္စတိုးလ်စီးတီး ဝ-၁ နောဝစ်ချ်
ဘာတန် ၁-၃ QPR
ဟားလ်စီးတီး ဝ-၀ ရက်ဒင်း
အစ်ဝစ်ချ် ၁-၀ လိဒ်စ်
မစ်ဒယ်ဘရော့ ဝ-၁ ဖူလ်ဟမ်
မီဝေါလ် ၁-၁ ပရက်စတန်
နော်တင်ဟမ် ဝ-၁ အက်စတွန်ဗီလာ

 

Most Read

Most Recent