သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ(၃)ပွဲဆက် ဂိုးမရှိသရေပွဲဆက်ခဲ့တဲ့ ချယ်လ်ဆီး

သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ(၃)ပွဲဆက် ဂိုးမရှိသရေပွဲဆက်ခဲ့တဲ့ ချယ်လ်ဆီး
Published 14 January 2018

 

ပရီးမီးယားလိဂ်ပွဲစဉ်(၂၃) စနေည (၉း၃၀)ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ချယ်လ်ဆီးက လက်စတာနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှာ မိုရာတာနဲ့ ဟာဇက်တို့ကိုတင်ပြီး ၃-၅-၂ နဲ့ ပွဲထွက်လာခဲ့ပါတယ်။ လက်စတာက ချယ်လ်ဆီးအသာစီးရလေ့ရှိတဲ့ပြိုင်ဘက်ဖြစ်ပေမယ့် ဒီပွဲမှာတော့ ချယ်လ်ဆီးကို ဒုက္ခပေးသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ချယ်လ်ဆီးရဲ့ ကွင်းလယ်အသားစီးရယူတဲ့ ကစားကွက် အလုပ်မဖြစ်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ ဟာဇက်၊ ဖာဘရီဂတ်စ်တို့အစား ပတ်ဒရို၊ ဝီလီယံတို့ကိုထည့်သွင်းကာ တောင်ပံတိုက်စစ်နဲ့ ထိုးဖောက်ခဲ့ပေမယ့် လက်စတာခံစစ်က ကြံ့ကြံ့ခံ ကာကွယ်သွားခဲ့ပါတယ်။ လက်စတာက (၆၈)မိနစ်မှာ နောက်ခံလူ ချီဝဲလ် (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ချယ်လ်ဆီးဆီက အမှတ်ခွဲယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ FA ဖလားမှာ နောဝစ်ချ်၊ လိဂ်ဖလားမှာ အာဆင်နယ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီး နောက်ထပ်ဂိုးမရှိသရေပွဲ ကြုံတွေ့ခဲ့တာပါ။ ပြိုင်ပွဲစုံမှာ (၃)ပွဲဆက် ဂိုးမရှိသရေကျတာကတော့ ချယ်လ်ဆီးအသင်းသမိုင်းမှာ ပထမဆုံးဖြစ်ခဲ့ပါတယ်။

အခြားပွဲတွေမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဝက်စ်ဘရွန်းတို့ အိမ်ကွင်းနိုင်ပွဲကိုယ်စီ ရယူနိုင်ခဲ့ကြပြီး ဝက်စ်ဟမ်းကလည်း ဟတ်ဒါဖီးလ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ နယူးကာဆယ်နဲ့ ဆွမ်ဆီး၊ ဝက်ဖို့ဒ်နဲ့ ဆောက်သမ်တန်တို့ကတော့ သရေတစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။

လာလီဂါမှာတော့ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်က အိမ်ကွင်းမှာ ဗီလာရီးယဲလ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဗီလာရီးယဲလ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ကွင်းလယ်တိုက်စစ်ကစားသမား ပါဘလိုဖော်နယ်လ်စ်က (၈၇)မိနစ်မှာ သွင်းယူခဲ့ပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်များ
ချယ်လ်ဆီး ဝ-၀ လက်စတာ
ခရစ္စတယ်ပဲလေ့စ် ၁-၀ ဘန်လေ
ဟတ်ဒါဖီးလ် ၁-၄ ဝက်စ်ဟမ်း
နယူးကာဆယ် ၁-၁ ဆွမ်ဆီး
ဝက်ဖို့ဒ် ၂-၂ ဆောက်သမ်တန်
ဝက်စ်ဘရွန်း ၂-၀ ဘရိုက်တန်

■ လာလီဂါရလဒ်များ
ဟီရိုနာ ၆-၀ လက်စ်ပါမားစ်
ရီးယဲလ်မက်ဒရစ် ဝ-၁ ဗီလာရီးယဲလ်

■ ဘွန်ဒစ်လီဂါရလဒ်များ
ဝါဒါဘရီမင် ၁-၁ ဟော်ဖန်ဟင်မ်
ဖရန့်ဖတ် ၁-၁ ဖရိုင်းဘတ်
အော့စ်ဘတ် ၁-၀ ဟမ်းဘတ်
ဟန်နိုဗာ ၃-၂ မိန့်ဇ်
စတုဂတ် ၁-၀ ဟာသာဘာလင်

Photo: Reuters

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
ကာဒစ်ဖ် ၄-၀ ဆန်းဒါးလန်း
ဘန်စလေ ဝ-၀ ဝုလ်ဗ်
ဘာမင်ဂမ် ဝ-၃ ဒါဘီ
ဘရန့်ဖို့ဒ် ၂-၀ ဘော်လ်တန်
ဘရစ္စတိုးလ်စီးတီး ဝ-၁ နောဝစ်ချ်
ဘာတန် ၁-၃ QPR
ဟားလ်စီးတီး ဝ-၀ ရက်ဒင်း
အစ်ဝစ်ချ် ၁-၀ လိဒ်စ်
မစ်ဒယ်ဘရော့ ဝ-၁ ဖူလ်ဟမ်
မီဝေါလ် ၁-၁ ပရက်စတန်

Most Read

Most Recent