ကြယ်ပွင့်များအား ရောင်းချမည်မဟုတ်ဟု စပါးအသင်းဥက္ကဋ္ဌလီဗိုင် တုံ့ပြန်

ကြယ်ပွင့်များအား ရောင်းချမည်မဟုတ်ဟု စပါးအသင်းဥက္ကဋ္ဌလီဗိုင် တုံ့ပြန်
Published 14 January 2018

 

စပါးအသင်းဥက္ကဋ္ဌ ဒန်နီယယ်လီဗိုင်က ဥရောပထိပ်တန်းကလပ်များ၏ ပစ်မှတ်ဖြစ်နေသည့် ကြယ်ပွင့်ကစားသမားများအား ရောင်းချမည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားသည်။

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု နှစ်ရာသီဆက်တိုက် ဆွတ်ခူးရရှိခဲ့သည့် တိုက်စစ်မှူး ဟာရီကိန်းကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကွင်းလယ်လူ အယ်လီကို PSG အသင်းကလည်းကောင်း၊ ဘယ်နောက်ခံလူ ဒန်နီရို့စ်ကို မန်ယူအသင်းကလည်းကောင်း ပစ်မှတ်ထားလျက်ရှိသည်။

သို့သော် လီဗိုင်က "အသင်းအတွက် ဆက်ပြီးရှိနေစေချင်တဲ့ ဘယ်ကစားသမားမဆို လာမယ့်ရာသီ တော့တင်ဟမ်ဟော့စပါးအသင်းမှာပဲ ဆက်ကစားမယ်ဆိုတာ ကျွန်တော် အာမခံနိုင်ပါတယ်။ အဲဒီလိုဖြစ်မယ်လို့လည်း ၁၀၀ ရာခိုင်နှုန်းအပြည့် ယုံကြည်မှုရှိပါတယ်။ မော်ရီစီယို (နည်းပြပိုချက်တီနို)ဆီမှာ မဟာဗျူဟာတွေ အမြဲတမ်းရှိထားပြီးသားပါ။ လူစာရင်းကို ထပ်ပြီးအားဖြည့်ဖို့ အခွင့်အရေးရှိမယ်ဆိုရင် ကြိုးစားကြည့်မှာပါ။ ဒါပေမဲ့ ဇန်နဝါရီဆိုတာ ဝယ်ယူရောင်းချရတာအရမ်းခက်တဲ့ အပြောင်းအရွှေ့ကာလပါ"ဟု ပြောကြားသည်။

Photo: Sky Sports

လီဗိုင်သည် အယ်လီအား အသင်း၏ လစာအများဆုံးကစားသမား ဟာရီကိန်းနှင့်တန်းတူ လစာတိုးမြှင့်ပေးရန် ဆွေးနွေးလျက်ရှိသည်။

Most Read

Most Recent