<

တူရကီ တောင်ပံကစားသမား တူရန် ဘာရှက်ဆီဟီယာအသင်းသို့ (၂)ရာသီခွဲ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့

Photo: İstanbul Başakşehir

ဘာစီလိုနာအသင်း၏ တူရကီ တောင်ပံကစားသမား တူရန်သည် တူရကီကလပ် ဘာရှက်ဆီဟီယာအသင်းသို့ (၂)ရာသီခွဲ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

အသက်(၃၀)နှစ်အရွယ်ရှိ တူရန်သည် ဘာစီလိုနာအသင်းနှင့် ၂၀၂၀ အထိ စာချုပ်ရှိနေသေးပြီး လက်ကျန်သက်တမ်းတစ်ခုလုံးကို အငှားချခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ဘာစီလိုနာအသင်းအနေဖြင့် ယင်းကာလအတွင်း ကမ်းလှမ်းသည့်အသင်းရှိပါက ပြောင်းရွှေ့ကြေးရယူကာ ရောင်းချခွင့်ရှိနေသေးကြောင်း သိရသည်။

တူရန်၏ လစာကို ဘာရှက်ဆီဟီယာအသင်းက ကျခံရမည်ဖြစ်ပြီး စွမ်းရည်အပေါ်မူတည်၍ ပေးချေရမည့်ဆုကြေးများကိုမူ ဘာစီလိုနာအသင်းက ကျခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

တူရန် အသင်းပြောင်းရွှေ့သွား၍ ၎င်းဝတ်ဆင်နေသည့် ကျောနံပါတ်(၇)ကို ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟို ၀တ်ဆင်နိုင်တော့မည်ဖြစ်ကြောင်းလည်း ဥရောပမီဒီယာများက ဖော်ပြခဲ့သည်။














Copy Protected by Chetan's WP-Copyprotect.