မကွေးနှင့် မြဝတီသရေကျပြီးနောက် 2018 MNLတွင် (၃)ပွဲဆက်သွင်းဂိုးမရှိသေး

မကွေးနှင့် မြဝတီသရေကျပြီးနောက် 2018 MNLတွင် (၃)ပွဲဆက်သွင်းဂိုးမရှိသေး
Published 14 January 2018

 

Photo - ကောင်းထက်အောင်

၂၀၁၈ MPT Myanmar National League ပြိုင်ပွဲ ပွဲစဉ်(၁)၏ တတိယမြောက်ပွဲစဉ်အဖြစ်မကွေးနှင့် မြဝတီတို့ ဇန်နဝါရီ(၁၃)ရက်နေ့က အောင်ဆန်းကွင်း၌ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပြီး
၂၀၁၈ MPT Myanmar National League ပြိုင်ပွဲ၏ (၃)ပွဲဆက် သွင်းဂိုးမရှိသော ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မကွေးအသင်းသည် ယခုပွဲစဉ်တွင် တန်းတက်မြဝတီ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရသော်လည်း ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရပြီး ကြံ့ခိုင်မှုကို အားပြုကစားလာသော မြဝတီကို ဂိုးသွင်းနိုင်ခြင်းမရှိဘဲ သရေကျခဲ့ခြင်းဖြစ်သည်။
ယခုပွဲစဉ်တွင် ကစားခဲ့သော မကွေးနှင့် မြဝတီနှစ်သင်းစလုံးမှာ ပြည်ပ ကစားသမားများပါဝင်ခဲ့ခြင်းမရှိဘဲ ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်ကစားခဲ့ကြသည်။မကွေးအသင်းသည် မြဝတီအသင်းကို အသာစီးရယူနိုင်ခဲ့ခြင်းမရှိသလို အဆုံးသတ်ပိုင်းအားနည်းမှုများကြောင့် သရေတစ်မှတ်စီခွဲယူခဲ့ရခြင်းဖြစ်သည်။

ယခုပွဲစဉ်အပါအဝင် ဇန်နဝါရီ(၁၁)ရက်နေ့က စတင်ယှဉ်ပြိုင်ခဲ့သော စစ်ကိုင်းယူနိုက်တက် နှင့် ရခိုင်ယူနိုက်တက်၊ ဇန်နဝါရီ(၁၂)ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့သော ဇွဲကပင်နှင့်ရှမ်း အသင်းတို့၏ ပွဲစဉ်များမှာလည်း ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့သောကြောင့် ၂၀၁၈ MPT Myanmar National League ပြိုင်ပွဲ ပွဲစဉ်(၁)၏ တတိယမြောက်ပွဲစဉ်အထိ သွင်းဂိုးသွင်းယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent