ဘွန်ဒစ်လီဂါ ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါ ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်
Published 13 January 2018

ဝါဒါဘရီမင် နှင့် ဟော်ဖန်ဟင်မ် (၁၃-၁-၂၀၁၈) စနေနေ့ ၉း၀၀ နာရီ

ဟော်ဖန်ဟင်မ်ရဲ့လတ်တလော အဝေးကွင်းမှတ်တမ်းတွေက မကောင်းပါဘူး။ (၃)ပွဲဆက်ရှုံးထားသလို၊ နောက်ဆုံး (၆)ပွဲမှာလည်း (၁)ပွဲပဲ အနိုင်ရခဲ့ပါတယ်။ ဝါဒါဘရီမင်က တန်းဆင်းဇုန်စက်ဝန်းထဲက ရုန်းထွက်ဖို့ အမှတ်လိုအပ်နေပြီး နောက်ပိုင်းပွဲတွေမှာ အားထုတ်မှုလည်း အတော်ကောင်းနေပါတယ်။ ဝါဒါဘရီမင် အမှတ်ရမှာသေချာပါတယ်။

ဖရန့်ဖတ် နှင့် ဖရိုင်းဘတ် (၁၃-၁-၂၀၁၈) စနေနေ့ ၉း၀၀ နာရီ

ဖရန့်ဖတ်အသင်း အိမ်ကွင်း(၃)ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ ဒါပေမဲ့ ပွဲကျပ်တွေကစားခဲ့ရတာကို ထည့်တွက်ရမှာပါ။ ဖရန့်ဖတ် အိမ်ကွင်းနိုင်ပွဲ ပြန်ရဖို့များတယ်။

အော့စ်ဘတ် နှင့် ဟမ်းဘတ် (၁၃-၁-၂၀၁၈) စနေနေ့ ၉း၀၀ နာရီ

ဆောင်းရာသီကာလ အနားမပေးမီ ရလဒ်ဆိုးခဲ့ကြတဲ့ (၂) သင်း တွေ့ဆုံကြတာပါ။ ဟမ်းဘတ်ကတော့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့အတွက် အမှတ်လိုအပ်နေတာ စဉ်းစားသင့်ပါတယ်။ အော့စ်ဘတ်ရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ကလည်း အရင်လို မာကျောမှုမရှိတော့ဘူး။ ဟမ်းဘတ်ကိုပဲ ယုံကြည်လိုက်တာ ပိုကောင်းမယ်ထင်တယ်။

ဟန်ုနိုဗာ နှင့် မိန့်ဇ် (၁၃-၁-၂၀၁၈) စနေနေ့ ၉း၀၀ နာရီ

ပထမအကျော့မှာ မိန့်ဇ်အသင်း အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတယ်။ လက်ရှိမှာတော့ တန်းဆင်းဇုန်နားကပ်နေတဲ့ မိန့်ဇ် အသင်းကတောင် ကစားပုံပိုကောင်းနေသလိုပါပဲ။ ဒီယွန်း၊ ယူဂျာတို့ကို ထပ်အားဖြည့်သွားတဲ့ မိန့်ဇ် အဝေးကွင်းမှာ ရလဒ်ကောင်းသွားနိုင်တယ်။

စတုဂတ် နှင့် ဟာသာဘာလင် (၁၃-၁-၂၀၁၈) စနေနေ့ ၉း၀၀ နာရီ

စတုဂတ်အသင်း ပွဲကျပ်ကာလမှာ အသင်းရလဒ်ပိုင်း ယိုင်ထွက်သွားသလို၊ တိုက်စစ်ကလည်း ဂိုးပေါက်ပျောက်ခဲ့ရတယ်။ အခုအပြောင်းအရွှေ့မှာ ကစားသမားဟောင်း တိုက်စစ်မှူး ဂိုးမက်ဇ် အသင်းကို ပြန်ရောက်လာပေမယ့် ချက်ချင်းတော့ ပြောင်းလဲမလာနိုင်သေးပါဘူး။ အဝေးကွင်းမှာခြေစွမ်းပြနေတဲ့ ဟာသာဘာလင်ဘက်ကပဲ ရပ်တည်သင့်တယ်။

လိုက်ပ်ဇစ် နှင့် ရှော်လ်ကေး (၁၃-၁-၂၀၁၈) စနေနေ့ ၁၂း၀၀ နာရီ

လိုက်ပ်ဇစ်က ပထမရာသီဝက်ပြီးခါနီးမှာ Form ပျက် သွားတဲ့အသင်းပါ။ အသင်းရဲ့ခံစစ်ပိုင်းအားနည်းချက်က အဓိက ပြဿနာဖြစ်နေပြီး နောက်ဆုံး(၄)ပွဲမှာ (၁၀)ဂိုးအထိ ပေးထားရသလို၊ ဒီရာသီမှာ Clean Sheet ရတဲ့ပွဲ (၃)ပွဲပဲရှိခဲ့ပါတယ်။ အဝေးကွင်း စွမ်းဆောင်ရည်မြင့်တက်နေတဲ့ ရှော်လ်ကေးအမှတ် ခွဲယူနိုင်စွမ်းရှိပါတယ်။

 

Most Read

Most Recent