လီဗာပူးလ်ပရိသတ်များက ရွေးချယ်သည့် တစ်လတာအကောင်းဆုံးဆုကို ဆာလာ ဆွတ်ခူး

လီဗာပူးလ်ပရိသတ်များက ရွေးချယ်သည့် တစ်လတာအကောင်းဆုံးဆုကို ဆာလာ ဆွတ်ခူး
Published 13 January 2018

လီဗာပူးလ်အသင်း၏ အီဂျစ်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ဆာလာသည်
အသင်းပရိသတ်များက ရွေးချယ်သည့် ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံး
ဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ ဆာလာသည် ပြီးခဲ့သည့် ဒီဇင်ဘာ
လအတွင်းက ကစားခဲ့သော(၈)ပွဲတွင် (၆)ဂိုးအထိ သွင်းယူခဲ့ပြီး လီဗာပူးလ်အသင်းကို
ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်သို့ ပို့ဆောင်ပေးခဲ့သလို ပရီးမီးယားလိဂ်၌လည်း
အဆင့်(၄)နေရာတွင် ရပ်တည်နေအောင် စွမ်းဆောင်ထားသည်။

ပြီးခဲ့သည့်နွေရာသီက ရိုးမားအသင်းမှ ပြောင်းရွှေ့ခဲ့သူ ဆာလာသည် လီဗာပူးလ်ပရိသတ်
များက ရွေးချယ်သည့် တစ်လတာအကောင်းဆုံးဘောလုံးသမားဆုကို (၄)ကြိမ်မြောက်ရရှိခဲ့
ခြင်းဖြစ်ကြောင်းသိရသည်။ ဆာလာက-ဒီဆုကို ထပ်မံရရှိခဲ့လို့ အရမ်းဝမ်းမြောက်မိပါတယ်။
အလုပ်ကို ကြိုးကြိုးစားစားလုပ်တာရယ်၊ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်
နိုင်လို့သာ အခုလို ဆုကို ဆွတ်ခူးနိုင်တာပါ။ အရေးကြီးဆုံးအရာကတော့ နိုင်ပွဲတွေရယူဖို့နဲ့ ပွဲ
တိုင်းမှာ အနိုင်ရအောင် ကစားနိုင်ဖို့ပါပဲ-ဟု ပြောကြားခဲ့သည်။

ဆာလာသည် လက်ရှိအချိန်တွင် ပေါင်ခြံဒဏ်ရာခံစားနေရသော်လည်း ယခုတနင်္ဂနွေနေ့တွင်
မန်စီးတီးအသင်းနှင့်ကစားမည့်ပွဲ၌ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်းသိရသည်။

REF&Photo:Goal.com

Most Read

Most Recent