w နှစ်ရာသီဆက် အဝေးကွင်းရှုံးနိမ့်မှုအား ရှမ်းယူနိုက်တက် ရှုံးကြွေးပြန်မဆပ်နိုင်ဘဲ ဇွဲကပင်နှင့် သရေကျ - Eleven Media Group <

နှစ်ရာသီဆက် အဝေးကွင်းရှုံးနိမ့်မှုအား ရှမ်းယူနိုက်တက် ရှုံးကြွေးပြန်မဆပ်နိုင်ဘဲ ဇွဲကပင်နှင့် သရေကျ

၂၀၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ဒုတိယနေ့အဖြစ် ဇန်န၀ါရီ ၁၂ ရက် က ဇွဲကပင်အသင်းနှင့် လက်ရှိချန်ပီယံ
ရှမ်း ယူနိုက်တက်အသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ် ပြိုင်ကစားရာ ဂိုးမရှိသရေကျခဲ့ကြောင်း သိ ရသည်။ ရှမ်းယူနိုက်တက်အသင်းသည်
ဇွဲ ကပင်အသင်းအား ၂၀၁၆ နှင့် ၂၀၁၇ နှစ် ရာသီဆက်တိုက် အဝေးကွင်းရှုံးနိမ့်ခဲ့သည့် ရှုံးကြွေးကို ယခုရာသီတွင်လည်း ပြန်မဆပ်နိုင် ဘဲ
သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ရှမ်းယူနိုက်တက်အသင်းသည် တိုက်စစ် မှူး ခရစ္စတိုဖာကို ပွဲထွက်လူစာရင်းတွင်အသုံး မပြုဘဲ Charity Cup ပြိုင်ပွဲ၌ ခြေစွမ်းပြခဲ့
သည့် တိုက်စစ်မှူး ပက်ထရစ်ကို အသုံးပြုကာ ၀ီလျံ၊ သီဟစည်သူ၊ တင်ဝင်းအောင်၊ ဇင်မင်း ထွန်း၊ ရန်နိုင်ဦးတို့ဖြင့် ပွဲထွက်ခဲ့သည်။
ဇွဲကပင် အသင်းမှာမူ နိုင်ငံခြားသားကစားသမား သုံးဦးစလုံးကို ပွဲထွက်လူစာရင်းတွင် အသုံးပြု ခဲ့ပြီး နိုင်ဇေယျာထွန်း၊ ရန်ကျော်ထွေး၊
သက် လွင်ဝင်း စသည့် ပြည်တွင်းကစားသမားများ ဖြင့် တွဲဖက်အသုံးပြုခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းသည် ပွဲစကတည်းက
ဖိကစားနိုင် သော်လည်း ထိရောက်သည့်ဂိုးသွင်းခွင့်များ မဖန်တီးနိုင်သလို ကစားသမားများ၏ စွမ်း ဆောင်ရည်မှာ သာမန်အောက်
ကျဆင်းနေ သောကြောင့် ဇွဲကပင်အသင်းအား ဖိအားပေး နိုင်ခြင်းမရှိခဲ့ပေ။  ဇွဲကပင်အသင်းသည် တန်ပြန် တိုက်စစ်ဖြင့် ဦးစားပေးကစားပြီး
ရှမ်းအသင်း ၏ ခံစစ်ကို ခြိမ်းခြောက်နိုင်သော်လည်း ဂိုး မသွင်းနိုင်သောကြောင့် သရေရလဒ်ဖြင့်ပြီး ဆုံးခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်း သည် ရာသီကြို MFF Charity Cup ပြိုင်ပွဲ တွင် ရန်ကုန်အသင်းအား ပယ်နယ်တီအဆုံး အဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သလို
အမှတ်ပေးပြိုင်ပွဲ အဖွင့်ပွဲတွင်လည်း နိုင်ပွဲရယူနိုင်ခြင်းမရှိဘဲ သရေရလဒ်သာရရှိခဲ့သည်။

 

January 12, 2018














Copy Protected by Chetan's WP-Copyprotect.