w ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီဟု ဟာဇက် ဖွင့်ဟ - Eleven Media Group <

ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီဟု ဟာဇက် ဖွင့်ဟ

ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင်တောင်ပံကစားသမား ဟာဇက်သည်
အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီဖြစ်ကြောင်း ဖွင့်ဟ၀န်ခံခဲ့သည်။ ဟာဇက်
သည် လာလီဂါထိပ်သီးကလပ် ရီးယဲလ်အသင်း၏ ဦးစားပေးပစ်မှတ်ဖြစ်နေပြီး ရီးယဲလ်
အသင်းက ၎င်းတို့၏တိုက်စစ်ကို အားဖြည့်ရန်အတွက် ဟာဇက်အား ပစ်မှတ်ထားနေခြင်း
ဖြစ်သည်။

သို့သော်လည်း ဟာဇက်(၂၇နှစ်)သည် သူ၏ အနာဂတ်နှင့်ပတ်သက်၍ ပထမဆုံးအကြိမ်
ဖွင့်ဟပြောဆိုခဲ့ပြီး ချယ်လ်ဆီးအသင်းတွင် အနာဂတ်ဆက်ရှိနေမည်ဖြစ်ကြောင်းဆိုခဲ့သည်။
Mirror Football က ဟာဇက်အနေဖြင့် ချယ်လ်ဆီးနှင့် နှစ်ရှည်စာချုပ်သက်တမ်းတိုးဖွယ်
ရှိ၊ မရှိကို မေးမြန်းခဲ့ရာ ၎င်းက-ဟုတ်ပါတယ်။ ကော်တိုအာက စာချုပ်သစ်အရင်ချုပ်ဖို့ရှိပြီး
သူပြီးရင်တော့ ကျွန်တော်ပါပဲ-ဟု ပြောကြားခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ဂိုးသမား
ကော်တိုအာကို စံချိန်တင်လစာငွေအဖြစ် တစ်ပတ်လစာပေါင်(၂)သိန်းဖြင့် စာချုပ်သက်တမ်း
တိုးမည်ဖြစ်ပြီး ကော်တိုအာအပြီးတွင် ဟာဇက်အား ချက်ချင်း စာချုပ်သစ်ချုပ်ဆိုသွားမည်ဖြစ်
သည်။

ဟာဇက်သည် ချယ်လ်ဆီးအသင်းနှင့် (၂)နှစ်စာချုပ်သက်တမ်းကျန်ရှိနေသော်လည်း အလက်
ဆစ်ဆန်းချက်ဇ်နှင့်ပတ်သက်၍ အာဆင်နယ်အသင်း ကြုံတွေ့နေရသလို စာချုပ်သက်တမ်း
ကုန်ဆုံးပါက အလွတ်ဖြင့် လက်လွှတ်ရမည့်အရေးကို ရှောင်လွှဲနိုင်ရန်အတွက် ဟာဇက်အား
စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

REF:Daily Mail

January 12, 2018














Copy Protected by Chetan's WP-Copyprotect.