ကိုလံဘီယာနောက်ခံလူ ယာရီမီနာကို ဘာစီလိုနာအသင်း ခေါ်ယူ

ကိုလံဘီယာနောက်ခံလူ ယာရီမီနာကို ဘာစီလိုနာအသင်း ခေါ်ယူ
Published 12 January 2018

Photo: fcbarcelona

ဘာစီလိုနာအသင်းသည် ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းမှ ကိုလံဘီယာနောက်ခံလူ ယာရီမီနာကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ယာရီမီနာ(၂၃ နှစ်)သည် ဂိုးသွင်းခြေရှိသည့် နောက်ခံလူဖြစ်ပြီး ပါးလ်မီးရပ်စ်အသင်းအတွက် (၃၃)ပွဲတွင် (၈)ဂိုးသွင်းယူပေးခဲ့သလို၊ ကိုလံဘီယာလက်ရွေးစင်အသင်းတွင်လည်း (၉)ပွဲကစားပြီး (၃)ဂိုးသွင်းယူပေးခဲ့သည်။

ဘာစီလိုနာအသင်းသည် ယာရီမီနာကို ပေါင်(၁၀.၅)သန်းဖြင့် ခေါ်ယူခဲ့ပြီး (၅)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပေါင်(၈၈.၆)သန်း (ယူရို သန်း ၁၀၀)တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent