ကွင်းလယ်လူ အယ်လီကို လက်ရှိလစာ၏နှစ်ဆဖြင့် စာချုပ်သက်တမ်းတိုးရန် စပါးအသင်း စီစဉ်

ကွင်းလယ်လူ အယ်လီကို လက်ရှိလစာ၏နှစ်ဆဖြင့် စာချုပ်သက်တမ်းတိုးရန် စပါးအသင်း စီစဉ်
Published 11 January 2018

Photo: BPI

စပါးအသင်းသည် အင်္ဂလန်ကွင်းလယ်ကစားသမား ဒယ်လီအယ်လီကို လက်ရှိလစာ၏နှစ်ဆဖြင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရှိရသည်။

အယ်လီသည် လက်ရှိအချိန်တွင် စပါးအသင်း၌ တစ်ပတ်လစာ ပေါင်(၅၀၀၀၀)သာရရှိနေပြီး ၎င်း၏စာချုပ်မှာ ၂၀၁၉-၂၀ ရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

အယ်လီ(၂၁ နှစ်)ကို စပါးအသင်းသည် ၂၀၁၅ ခုနှစ်က ဒွန်းစ်အသင်းမှ ပေါင်(၅)သန်းဖြင့် ခေါ်ယူပြီး (၅)နှစ်ခွဲစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။

အယ်လီသည် စပါးအသင်းတွင် အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသည့်အတွက် ရီးယဲလ်၊PSG စသည့် ထိပ်သီးအသင်းများက ခေါ်ယူရန် စောင့်ကြည့်လျက်ရှိသည်။

ထို့ကြောင့် စပါးအသင်းက တစ်ပတ်လစာပေါင်(၁၀၀၀၀၀)အထိ တိုးပေးပြီး ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

စပါးအသင်းသည် ကစားသမားများ၏လစာငွေကို ကန့်သတ်ထားပြီး အသင်း၌ လစာအများဆုံးရရှိနေသူမှာ တစ်ပတ်ပေါင်(၁၁၀၀၀၀)ရရှိသည့် တိုက်စစ်မှူး ဟာရီကိန်းဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent