<

နာဘီကီတာကို ပြောင်းရွှေ့ကြေးထပ်တိုးပေး၍ ယခုလအတွင်း ခေါ်ယူရန် လီဗာပူးလ်အသင်း ကြိုးစားနေ

Photo: Getty Images

လီဗာပူးလ်အသင်းသည် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ဘာစီလိုနာအသင်းထံ ရောင်းထုတ်ခဲ့ပြီးနောက် ကွင်းလယ်ကို အားပြန်ဖြည့်ရန် စီစဉ်နေရာ လိုက်ပ်ဇစ်အသင်းမှ ဂီနီကွင်းလယ်လူ နာဘီကီတာကို ယခုဇန်န၀ါရီအပြောင်းအရွှေ့တွင် ခေါ်ယူနိုင်ရန် ကြိုးစားနေကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် နာဘီကီတာကို လာမည့်နွေရာသီ၌ ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ပေါင်(၄၈)သန်းဖြင့် ကြိုတင်သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။

သို့သော် နွေရာသီအထိ မစောင့်ဘဲ ယခုလအတွင်း ပြောင်းရွှေ့ကြေးထပ်တိုးပေးပြီး ခေါ်ယူရန် ကြိုးစားနေခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် နာဘီကီတာအတွက် ပေါင်(၁၃)သန်းမှ (၁၈)သန်းကြား ထပ်တိုးပေးရန် စီစဉ်နေပြီး လိုက်ပ်ဇစ်အသင်းမှာလည်း ဘဏ္ဍာရေးစည်းမျဉ်းနှင့်ကိုက်ညီရန် ငွေကြေးလိုအပ်ချက်ရှိနေသောကြောင့် လက်ခံဖွယ်ရှိကြောင်း သိရှိရသည်။

သို့သော် နာဘီကီတာသည် လိုက်ပ်ဇစ်အသင်းနှင့် ချန်ပီယံလိဂ်ကစားထားသည့်အတွက် လီဗာပူးလ်အသင်းအနေဖြင့် ပြည်တွင်းပွဲများတွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။

January 11, 2018














Copy Protected by Chetan's WP-Copyprotect.