နောဝစ်ချ်ကွင်းမှာ သရေကျပြီး အိမ်ကွင်းမှာ ပြန်လည်ကစားရမယ့် ချယ်လ်ဆီး

နောဝစ်ချ်ကွင်းမှာ သရေကျပြီး အိမ်ကွင်းမှာ ပြန်လည်ကစားရမယ့် ချယ်လ်ဆီး
Published 7 January 2018

 

FA ဖလား တတိယအဆင့် စနေည နောက်ဆုံးပွဲအဖြစ် နောဝစ်ချ်နဲ့ ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး (ဝ-၀)ဂိုး သရေကျခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အသင်းလူစာရင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး တိုက်စစ်မှာ ဘတ်ရှူအာယီ၊ ပတ်ဒရို၊ ဝီလီယံ၊ ကွင်းလယ်မှာ ကင်နက်ဒီ၊ ဘာကာယိုကို၊ ဒရင့်ဝါတာ၊ ဇာပါကော်စတာ၊ နောက်တန်းမှာ ကာဟေးလ်၊ ဒေးဗစ်လူးဝစ်ဇ်၊ ရူဒီဂါနဲ့ ဂိုးသမား ကာဘယ်လာရိုတို့ကို ပွဲထုတ်ခဲ့ပါတယ်။

နောဝစ်ချ်အသင်းဟာ ချယ်လ်ဆီးအသင်း ဂိုးပေါက်ကို တစ်ကြိမ်မှ ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေမယ့် ခံစစ်ပိုင်းက အမှားအယွင်းမရှိခဲ့တာကြောင့် သရေရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ချယ်လ်ဆီး ကစားပုံကောင်းလာပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့ပေမယ့် နောဝစ်ချ်ဂိုးသမား ဂူဇန် လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။

နောဝစ်ချ်တိုက်စစ်မှူး မာဖီ အပိုင်အခွင့်အရေးတစ်ကြိမ်ကို လွဲချော်ခဲ့လို့လည်း ချယ်လ်ဆီး သက်သာရာရခဲ့ပါတယ်။

အနိုင်ရဖို့လိုအပ်လာချိန်မှာ ချယ်လ်ဆီးက ဘတ်ရှူအာယီ၊ ကင်နက်ဒီ၊ ပတ်ဒရိုတို့အစား မိုရာတာနဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ မူဆွန်ဒါ၊ စတာလင်တို့ကို ထည့်သွင်းခဲ့ပေမယ့် လိုအပ်နေတဲ့ဂိုးကို မသွင်းနိုင်ခဲ့ကြပါဘူး။

သရေပွဲကြောင့် ချယ်လ်ဆီးအနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နောဝစ်ချ်ကို ပြန်လည်လက်ခံကစားရတော့မှာလည်း ဖြစ်ပါတယ်။

■ FA ဖလားရလဒ်များ
ဖလိဝုဒ် ဝ-၀ လက်စတာ
မစ်ဒယ်ဘရော့ ၂-၀ ဆန်းဒါးလန်း
အစ်ဝစ်ချ် ဝ-၁ ရှက်ဖီးယူနိုက်တက်
ဝက်ဖို့ဒ် ၃-၀ ဘရစ္စတိုးလ်စီးတီး
ဘာမင်ဂမ် ၁-၀ ဘာတန်
အက်စတွန်ဗီလာ ၁-၃ ပီတာဘရော့
ဘုန်းမောက် ၂-၂ ဝီဂန်
ကိုဗင်ထရီ ၂-၁ စတုတ်စီးတီး
ဘော်လ်တန် ၁-၂ ဟတ်ဒါဖီးလ်
ယိုဗယ်လ် ၂-၀ ဘရက်ဖို့ဒ်
ဘရန့်ဖို့ဒ် ဝ-၁ နော့စ်ကောင်တီ
QPR ဝ-၁ MK ဒွန်းစ်
အိတ်စ်တာ ဝ-၂ ဝက်စ်ဘရွန်း
ဒွန်ကက်စတာ ဝ-၁ ရော့ချ်ဒေးလ်
ဘလက်ဘန်း ဝ-၁ ဟားလ်စီးတီး
ကာဒစ်ဖ် ဝ-၀ မန်းစ်ဖီးလ်
မန်စီးတီး ၄-၁ ဘန်လေ
ဝုလ်ဗ် ဝ-၀ ဆွမ်ဆီး
စတီဗန်နေ့ချ် ဝ-၀ ရက်ဒင်း
နယူးကာဆယ် ၃-၁ လူတန်
မီဝေါလ် ၄-၁ ဘန်စလေ
ဖူလ်ဟမ် ဝ-၁ ဆောက်သမ်တန်
ဝိုင်ကမ်ဘီ ၁-၅ ပရက်စတန်
ကယ်လိုင်း ဝ-၀ ရှက်ဖီးဝင်းစ်ဒေး
နောဝစ်ချ် ဝ-၀ ချယ်လ်ဆီး

■ လာလီဂါရလဒ်များ
အက်သလက်တီကို ၂-၀ ဂီတာဖေး
ဗလင်စီယာ ၂-၁ ဟီရိုနာ
လက်စ်ပါမားစ် ၁-၂ အီဘာ
ဆီဗီလာ ၃-၅ ဘက်တစ်

■ စီးရီးအေရလဒ်များ
တိုရီနို ၃-၀ ဘိုလော့ဂ်နာ
အေစီမီလန် ၁-၀ ခရိုတိုနီ
နာပိုလီ ၂-၀ ဗီရိုနာ
SPAL ၂-၅ လာဇီယို
ဘင်နီဗန်တို ၃-၂ ဆမ်ဒိုးရီးယား
ဂျီနိုအာ ၁-၀ ဆာဆူအိုလို
ရိုးမား ၁-၂ အတ္တလန်တာ
ကာဂလီယာရီ ဝ-၁ ဂျူဗင်တပ်စ်

Photo: AFP/Getty Images

■ ပြင်သစ်ဖလားရလဒ်များ
အာဗယ်ယွန် ဝ-၂ ရွှန်ဘလီ
ဖက်ဘဟေး ၁-၂ ဘူဟွန်းဘရက်
(မိနစ် ၉၀ ဝ-၀၊ အချိန်ပိုတွင် ဘူဟွန်းဘရက် နိုင်)
ရှစ်တီဂိုင်း ၁-၅ အော်ဇေး
ပွန်တာဟီ ၁-၁ မောင့်ပယ်လီယာ
(မိနစ် ၉၀ ၁-၁၊ ပယ်နယ်တီတွင် မောင့်ပယ်လီယာ နိုင်)
တူးလူး ၁-၀ နိုက်စ်
ဂါဇီလက် ၁-၂ ဂိုနာဘယ်လ်
လီမွန်စ် ၂-၄ လိုင်လီ
ရှားစ် ၁-၂ တိုးစ်
ဆန်လမွန်စ် ၂-၂ အူဘယ်ဟာဗီရေး
(မိနစ် ၉၀ ၁-၁၊ ပယ်နယ်တီတွင် ဆန်လမွန်စ် နိုင်)
ဟူဟီ ဝ-၃ ကွန်ကာနူ
ဆန်မယ်လို ၁-၂ ရှာတူဟူ
ဟူဆီယွန် ၃-၀ ဆွီနီဗာနိုင်းစ်
အီဇာ ၂-၅ မိုနာကို
ကိုလိုမီ ၁-၁ လူဖွီ
(မိနစ် ၉၀ ၁-၁ ၊ ပယ်နယ်တီတွင် ကိုလိုမီ နိုင်)
အာဇူဘော့ခ် ဝ-၂ ကိန်း
ဂူအင်ဂမ့် ၁-၀ နော့
အွန်ဂူလမ် ၁-၂ လက်စ်အယ်ဘီးစ်
(မိနစ် ၉၀ ၁-၁၊ အချိန်ပိုတွင် လက်စ်အယ်ဘီးစ် နိုင်)
နန်စီ ၂-၃ လိုင်ယွန်

Most Read

Most Recent