လာမည့်နွေရာသီတွင် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေရန် အမ်မရီချန် မူအားဖြင့် သဘောတူညီမှုရရှိ

လာမည့်နွေရာသီတွင် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေရန် အမ်မရီချန် မူအားဖြင့် သဘောတူညီမှုရရှိ
Published 6 January 2018

လီဗာပူးလ်အသင်းကွင်းလယ်လူ အမ်မရီချန်သည် လာမည့်နွေရာသီတွင် စီးရီးအေထိပ်သီး
ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အီတလီ
သတင်းများက ဖော်ပြခဲ့သည်။ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဂျာမနီလက်ရွေးစင်ကစားသမား
အမ်မရီချန်သည် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး
၎င်း၏စာချုပ်သက်တမ်းနောက်ဆုံး(၆)လထဲ ရောက်ရှိလာချိန်တွင် ပြည်ပကလပ်အသင်းတစ်သင်းနှင့်
အကြိုသဘောတူညီမှုစာချုပ်ချုပ်ဆိုခွင့်ရှိနေသည်။

ယခုအခါ အီတလီအားကစားမီဒီယာတစ်ခုဖြစ်သည့် Sky Italy က အမ်မရီချန်သည် ပြီးခဲ့သည့်ကြာသ
ပတေးနေ့က ဂျူဗင်တပ်စ်အသင်းနှင့်အပြောင်းအရွှေ့ကိစ္စဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှုရရှိခဲ့ပြီ
ဖြစ်ကြောင်းဖော်ပြခဲ့သည်။ ဂျူဗင်တပ်စ်အသင်းသည် အမ်မရီချန်ကို ပြီးခဲ့သည့်နွေရာသီကတည်းက
ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လီဗာပူးလ်အသင်းက ၎င်းကို ရောင်းချမည်မဟုတ်ဘဲ စာချုပ်သက်
တမ်းတိုးရန် စီစဉ်သွားမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်။ သို့သော်လည်း အမ်မရီချန်ကို စာချုပ်
သက်တမ်းတိုးရန် ဆွေးနွေးမှုမှာ မအောင်မြင်ခဲ့သဖြင့် ဂျူဗင်တပ်စ်အသင်းက ၎င်းကို ခေါ်ယူနိုင်တော့
မည်ဖြစ်သည်။ အမ်မရီချန်သည် ယခုရာသီပရီးမီးယားလိဂ်တွင် (၁၇)ပွဲကစားထားပြီး တစ်ဂိုးသွင်းကာ
ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

REF:Daily Mail

Most Read

Most Recent