ယနေ့ညနှင့် မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညနှင့် မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 5 January 2018

ယခုရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ လီဗာပူးနှင့် အဲဗာတန်တို့ တွေ့ဆုံခဲ့စဉ် (Photo - AFP)

 FAဖလား (တတိယအဆင့်)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 

■လီဗာပူးလ် နှင့် အဲဗာတန် (၆-၁-၂၀၁၈ နံနက် ၂း၂၅ နာရီ)

အဲဗာတန်ရဲ့ ဒီရာသီခြေစွမ်းက ထိပ်တန်းအဆင့်မှာ မရှိ။ နောက်ပိုင်းပွဲတွေမှာ နည်းနည်းလေးတိုးတက်လာပေမယ့် ရာသီတစ်လျှောက်လုံးအနေအထားကိုကြည့်ရင် ဒီရာသီမှာ အဲဗာတန် အရမ်းအားနည်းခဲ့တယ်။ ကစားသမားသစ်တွေအများ ကြီးခေါ်ထားပေမယ့် နောက်ဆုံးတော့ အသင်းရဲ့လူဟောင်းတွေနဲ့ လူငယ်သွေးသစ်တွေကိုပဲ နေရာပြန်ပေးခဲ့ရပြီး အနာဂတ် အတွက်ပြင်ဆင်မှုတွေက အသုံးမဝင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကောင်းပါတယ်ဆိုတဲ့ရာသီတွေမှာတောင် လီဗာပူးလ်နဲ့တွေ့ရင် ပုံမှန် လိုလိုရှုံးပွဲတွေ့နေတဲ့အသင်းက ဒီရာသီမှာတော့ ပရီးမီးယားလိဂ်တွေ့ဆုံမှုမှာ သရေကစားနိုင်ခဲ့တာကိုတွေ့ရတယ်။ ခြေစွမ်း အားဖြင့်ဆိုရင်တော့ အဲဗာတန်က လီဗာပူးလ်ကို လုံးဝမယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကံကောင်းနေတာကိုတွေ့ရတယ်။ ဒီတစ် ကြိမ်ရော ထပ်ကံကောင်းပါဦးမလား။ ပွဲကျပ်ကာလတွေကို အသင်းတိုင်းဖြတ်သန်းနေတဲ့အချိန်မှာ လီဗာပူးလ်နည်းပြ ယာ ဂန်ကလော့ပ်က အသင်းရဲ့လူအင်အားအနေအထားကြောင့်လည်း ပါတယ်၊ သူကိုယ်တိုင် သတ္တိရှိတာကြောင့်လည်း ပါတယ်။ ကစားသမားတွေကို တစ်ပွဲနဲ့တစ်ပွဲအပြောင်းအလဲတွေအများကြီးလုပ်ပြီး ကစားခဲ့တယ်။ နောက်ဆုံးကစားခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာ လက်စတာနဲ့ ပွဲက လူစာရင်းကို (၇)ဦးအပြောင်းအလဲလုပ်ပြီး အဝေးကွင်းမှာအနိုင်ကစားခဲ့တယ်။ အဲဗာတန်ကတော့ ပွဲတိုင်းလိုလို လူစာရင်းတစ်မျိုးထဲနဲ့ ကစားနေရပြီး လက်ရှိအချိန်မှာလည်း ဆမ်အလာဒိုက်စ်လက်ထက်မှာ တိုးတက်လာတဲ့ ခြေစွမ်းက ရပ်တန့်သွားပြီ။ ဒီပွဲကတော့ လီဗာပူးလ် သေချာပေါက်အနိုင်ကစားလိမ့်မယ်။

■ လီဗာပူးလ် နှင့် အဲဗာတန်ပွဲစဉ်မှ ပွဲကြိုအချက်အလက်အချို့

■ လီဗာပူးလ်အသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး (၁၀)ပွဲတွင် (၈)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၃)ဂိုးနှင့် အထက်တွင်ရှိခဲ့သည်။
■ လီဗာပူးလ်အသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး (၁၆)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၁၁)ပွဲအထိ အနိုင်ရရှိခဲ့သလို၊ (၃)ဂိုးနှင့်အထက် သွင်းယူနိုင်သည့်ပွဲမှာ လည်း (၁၁)ပွဲအထိ ရှိခဲ့သည်။
■ လီဗာပူးလ်နှင့် အဲဗာတန်တို့တွေ့ဆုံခဲ့သည့် နောက်ဆုံး (၇)ကြိမ်တွင် (၅)ကြိမ်မှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။

■ မန်ယူ နှင့် ဒါဘီ (၆-၁-၂၀၁၈ နံနက် ၂း၃၀ နာရီ)

မန်ယူက လိဂ်ဖလားပွဲက ထွက်ထားရသလို၊ ပရီးမီးယား လိဂ်မှာလည်း ချန်ပီယံမျှော်လင့်ချက်က အရမ်းနည်းသွားပြီ။ ဒီ အချိန်မှာ FAဖလားကိုတော့ အာရုံစိုက်မယ်လို့ မျှော်လင့်ရတယ်။ ဒါဘီက လိဂ်ချန်ပီယံရှစ်မှာ အဆင့် (၂)နေရာ ရပ်တည် နေတဲ့အသင်းဖြစ်ပြီး မန်ယူကို ဒုက္ခပေးနိုင်တဲ့ခြေစွမ်းပိုင်းရှိပါတယ်။ မန်ယူ ခက်ခက်ခဲခဲကစားပြီး နိုင်မယ်ထင်တယ်။

 

စီးရီးအေပွဲစဉ် (၂၀)ပွဲကြိုသုံးသပ်ချက်

■ ချီယေဗို နှင့် အူဒီးနီးစ် (၅-၁-၂၀၁၈ ည ၁၁း၃၀ နာရီ)
အူဒီးနီးစ်က နောက်ဆုံး(၅)ပွဲဆက်အနိုင်ရထားပြီး ဟန် ချက်ညီနေပါတယ်။ သက်ကြီးကစားသမားအများစုနဲ့ ချီယေဗိုက (၃)ပွဲဆက် ရှုံးထားပြီးတိုးတက်မှုနည်းပါးနေတယ်။ ပထမအကျော့ က ချီယေဗို အနိုင်ရထားတာကို အူဒီးနီးစ် လက်စားချေဖို့များနေ ပေမယ့် တန်းဆင်းဇုန်နားကပ်လာလို့ ချီယေဗို ပြန်လည်ရုန်းကန် သွားပါလိမ့်မယ်။ ချီယေဗို အမှတ်ရနိုင်တယ်။

■ ဖီအိုရင်တီးနား နှင့် အင်တာမီလန် (၆-၁-၂၀၁၈ နံနက် ၂း၁၅ နာရီ)

ဆာဆူအိုလိုကို အရေးနိမ့်ပြီး အင်တာမီလန်ရဲ့ အဝေးကွင်းမှတ်တမ်းကောင်းအဆုံးသတ်သွားတယ်။ လက်ရှိအချိန်မှာ အင် တာမီလန်က တိုက်စစ်စွမ်းဆောင်ရည်နိမ့်ပါးနေသလို (၃)ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားပြီး ချန်ပီယံမျှော်လင့်ချက် ေ၀ဝါးသလိုဖြစ်လာပြီ။ အင်တာမီလန်ရဲ့ တောင်ပံတိုက်စစ်လမ်းကြောင်းတွေက အရင်လိုပြိုင်ဘက်ခံစစ်ဇုန်ကို ဖိအားပေးထားနိုင်ပေမယ့် Effective မဖြစ်တော့လို့ သွင်းဂိုးတွေနည်းလာတာပါပဲ။ အီကာဒီက တစ်ကိုယ်တော်ရုန်းကန်ပြီး ဂိုးရယူနိုင်မှုအပိုင်းမှာ အားနည်းချက်ရှိနေတာ လည်း တွေ့ရတယ်။ ဒီအပိုင်းမှာ ဖီအိုရင်တီးနားတိုက်စစ်ကစားသမားတွေက ပိုပြီးကောင်းနေတယ်။ သီရေယူ၊ ချီယေဆာ၊ ဆီမြွန်နီတို့က တစ်ဦးချင်းရော၊ တွဲလုံးတွေနဲ့ပါ ဂိုးရယူနိုင်စွမ်းရှိနေတယ်။ လူစားဝင်တိုက်စစ်မှူး ဘာဘာကာကလည်း ပွဲအဖြေကိုပြောင်းလဲ နိုင်သူဖြစ်လို့ အင်တာမီလန်ခံစစ် မလွယ်ပါဘူး။ ဒါပေမဲ့ ဖီအိုရင်တီးနားက ဒီရာသီအိမ်ကွင်းပွဲတွေမှာ Big 6 အသင်းတွေကိုအနိုင်မရထားဘူး။ အင်တာမီလန် တစ်မှတ်မျှော်လင့်ခွင့်ရှိပြီး နှစ်သင်းပေါင်းသွင်းဂိုးများနိုင်ပါတယ်။

■ ဖီအိုရင်တီးနား နှင့် အင်တာမီလန်ပွဲစဉ်မှ ပွဲကြိုအချက်အလက်အချို့
■ ဖီအိုရင်တီးနားအသင်းသည် စီးရီးအေနောက်ဆုံး (၇)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ Clean Sheet (၄)ပွဲအထိ ရရှိခဲ့သော်လည်း (၂)ပွဲသာအနိုင်ရရှိခဲ့သည်။
■ အင်တာမီလန်အသင်းသည် စီးရီးအေ အဝေးကွင်းနောက်ဆုံး (၁၀)ပွဲတွင် (၁)ပွဲသာရှုံးနိမ့်ခဲ့ပြီး (၆)ပွဲအနိုင်ရရှိခဲ့သလို၊ (၂)ဂိုးနှင့်အထက် သွင်းယူနိုင် သည့်ပွဲမှာလည်း (၆)ပွဲရှိခဲ့သည်။

Most Read

Most Recent