မြန်မာနိုင်ငံမှ ပရိသတ်များအား ကျေးဇူးတင်ကြောင်း ဘိုင်ယန်ထုတ်ပြန်

မြန်မာနိုင်ငံမှ ပရိသတ်များအား ကျေးဇူးတင်ကြောင်း ဘိုင်ယန်ထုတ်ပြန်
Published 2 January 2018

ဂျာမန်ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် မြန်မာနိုင်ငံမှ ပရိသတ်များ၏ အားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဒီဇင်ဘာ ၃၁ ရက်တွင် တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် နှစ်သစ်ကူးကာလတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးမှ ပရိသတ်များ၏ အားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဘာသာစကားအမျိုးမျိုးဖြင့် ထုတ်ပြန်ရာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်း၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် FC Bayern Munchen တွင် ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက “မြန်မာနိုင်ငံမှ ချစ်ခင်ရသော ပရိသတ်များ ၂၀၁၇ ခုနှစ်အတွင်းမှာ တစ်ခဲနက်အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်  ရှိပါတယ်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသား ဖော်ပြခဲ့သည်။ ထို့ပြင် ဘိုင်ယန်မြူးနစ်ကစားသမားများ၊ အသင်းတံဆိပ်လိုဂို၊ မြန်မာနိုင်ငံအလံ၊ မြန်မာဘာသာဖြင့် “ကျေးဇူးတင်ပါသည်” ဟု ရေးသားထားသည့်ဓာတ်ပုံကိုလည်း လွှင့်တင်ခဲ့ရာ Like ၊ Love စသည့် React ပြုလုပ်သူ ၁၂,၀၀၀ ကျော်၊ မှတ်ချက်ရေးသားသူ ၁၀၀၀ ကျော်နှင့် ပြန်လည်မျှဝေမှု (Share) ၂၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။ မန်ယူအသင်းကလည်း မြန်မာပရိသတ်များအား ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။

Most Read

Most Recent