မန်စီးတီးအသင်းရဲ့ (၁၈)ပွဲဆက်နိုင်ပွဲကို ရပ်တန့်ခဲ့တဲ့ ပဲလေ့စ်

မန်စီးတီးအသင်းရဲ့ (၁၈)ပွဲဆက်နိုင်ပွဲကို ရပ်တန့်ခဲ့တဲ့ ပဲလေ့စ်
Published 1 January 2018

ပရီးမီးယားလိဂ်ပွဲစဉ် (၂၁) တနင်္ဂနွေနေ့အစောပိုင်းပွဲဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်-
မန်စီးတီးပွဲမှာတော့ တန်းဆင်းဇုန်နားရောက်နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက
မန်စီးတီးဆီက သရေတစ်မှတ်ခွဲယူခဲ့ပြီး မန်စီးတီးအသင်းရဲ့ (၁၈)ပွဲဆက် နိုင်ပွဲမှတ်တမ်း
ကိုလည်း ရပ်တန့်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးသွင်းခွင့်အသာနဲ့ ထိုးဖောက်ကစားခဲ့ပြီး
ခရစ္စတယ်ပဲလေ့စ်အသင်းကလည် ကြံ့ကြံ့ခံ တုံ့ပြန်ခဲ့တယ်။ ပထမပိုင်း(၂၃)မိနစ်မှာ ဂျေးဆူ
ဒဏ်ရာရခဲ့လို့ အဂွဲရိုးဝင်ကစားခဲ့ပြီး ဂိုးသွင်းခွင့်တစ်ကြိမ်ရခဲ့ပေမယ့် တိုင်ထိသွားခဲ့တယ်။ ပဲ
လေ့စ်အသင်းကလည်း အပိုင်ဂိုးသွင်းခွင့်ရခဲ့ပြီး တောင်ဆန် ကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်
ခဲ့လို့ နစ်နာခဲ့တယ်။ ပွဲပြီးခါနီး နာကျင်အချိန်ပို(၂)မိနစ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက်
ကြီးမားတဲ့အခွင့်အရေးအဖြစ် ပယ်နယ်တီကန်ခွင့်ရခဲ့ပါတယ်။ အဲဒီ ပယ်နယ်တီကို ကွင်းလယ်
လူ မီလီဗိုယီဗစ် ကန်သွင်းခဲ့ပေမယ့် မန်စီးတီးဂိုးသမားအီဒါဆန် ကာကွယ်ခဲ့လို့ အိမ်ရှင်အသင်း
(၃)မှတ်ရနိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ပြီး မန်စီးတီးအသင်းလည်း ပထမဆုံးရှုံးပွဲတွေ့မယ့်
အခြေအနေကို ရှောင်လွဲှနိုင်ခဲ့တယ်။ အခုပွဲသရေကျခဲ့ပေမယ့် မန်စီးတီးအသင်းဟာ ဒုတိယနေရာ
ရောက်လာတဲ့ ချယ်လ်ဆီးအသင်းနဲ့ (၁၄)မှတ်အထိ ကွာဟနေဆဲဖြစ်ပါတယ်။

ပဲလေ့စ် ဝ-၀ မန်စီးတီး

Most Read

Most Recent