ပရီးမီးယားလိဂ်ပွဲစဉ်(၂၀) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၀) ပွဲကြိုသုံးသပ်ချက်
Published 26 December 2017

■ စပါး နှင့် ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၆ ည ၇ နာရီ)

ဆောက်သမ်တန်က နိုင်ပွဲပျောက်နေတာ (၅)ပွဲရှိပြီ။ စပါး က နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲနိုင်တယ်။ နောက်ဆုံးပွဲမှာ အိမ်ကွင်း မာပြီး ကစားရခက်တဲ့ ဘန်လေကို (ဝ-၃)ဂိုးနဲ့နိုင်ခဲ့တယ်။ ဟာရီ ကိန်းကလည်း ဟက်ထရစ်သွင်းပြီး ယုံကြည်မှု ပြန်ရခဲ့တာ တွေ့ရ တယ်။ ဆောက်သမ်တန်ရဲ့ ဂိုးသွင်းနှုန်းကလည်း နောက်ဆုံး (၆)ပွဲမှာ တစ်ပွဲပျမ်းမျှ (ဝ.၈၃)ဂိုးပဲရခဲ့တယ်။ အသင်းဟောင်းကို ပြီးခဲ့ တဲ့ရာသီက နှစ်ကျော့စလုံးနိုင်ခဲ့တဲ့ ပိုချက်တီနိုက ဒီပွဲမှာလည်း နိုင်ပွဲယူဦးမှာပဲ။

 

■ ဘုန်းမောက် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၆ ည ၉း၃၀ နာရီ)

ဘုန်းမောက်က ပွဲကျပ်ကာလကို ဖြတ်သန်းနေရတဲ့ ကြား ထဲ နောက်ဆုံး (၃)ပွဲမှာ မန်ယူ၊ လီဗာပူးလ်၊ မန်စီးတီး တို့နဲ့ကစား ခဲ့ရတယ်။ ဝက်စ်ဟမ်းကတော့ ခြေပြန်တက်လာခဲ့ပြီးမှ နယူး ကာဆယ်ကို အိမ်ကွင်းမှာ ရှုံးခဲ့တယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းခြေပြန် ပျက်သွားမယ်လို့ ယူဆလို့မရသေးဘူး။ ဘုန်းမောက်ကလည်း အကောင်းဆုံးပုံစံမှာ ရှိမနေတာကြောင့် ဝက်စ်ဟမ်း အမှတ်ခွဲ ယူနိုင်ပါတယ်။

 

■ ချယ်လ်ဆီး နှင့် ဘရိုက်တန် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၆ ည ၉း၃၀ နာရီ)

ချယ်လ်ဆီးက စက်တင်ဘာလကုန်တုန်းက မန်စီးတီး ကို အိမ်ကွင်းမှာ ရှုံးခဲ့ပြီး အဲ့ဒီနောက်ပိုင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း (၅)ပွဲဆက်အနိုင်ရခဲ့တယ်။ တချို့ပွဲတွေမှာ ကစားပုံ ယိုင်နေတတ်ပေမယ့် ပုံမှန်အားဖြင့်တော့ ချယ်လ်ဆီးက ပုံစံ ကောင်းကို ပြသနိုင်လေ့ရှိတယ်။ ခြေစွမ်းအသာ၊ ဂိုးကန်သွင်းခွင့်၊ ဖန်တီးမှုအသာနဲ့ကစားနိုင်သလို၊ ဟာဇက်ရဲ့တစ်ကိုယ်တော် ထိုးဖောက်မှုတွေက ထိရောက်မှုရှိတယ်။ ဒီပွဲက ချယ်လ်ဆီးအတွက် နိုင်ဖို့မခက်ပါဘူး။

 

■ ဟတ်ဒါဖီးလ် နှင့် စတုတ်စီးတီး (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၆ ည ၉း၃၀ နာရီ)

ဟတ်ဒါဖီးလ်က နောက်ဆုံး (၄)ပွဲမှာ ချယ်လ်ဆီးတစ်သင်း တည်းကို ရှုံးခဲ့တယ်။ ဘရိုက်တန်၊ ဝက်ဖို့ဒ်တို့နဲ့ ပွဲတွေမှာ ခြေစွမ်း ပြခဲ့ပြီး ဆောက်သမ်တန်နဲ့ ပွဲမှာတော့ ဂိုးသမားကယ်လို့ သရေ ကျခဲ့တယ်။ ဘာပဲပြောပြော ယုံကြည်မှုရနေတဲ့အသင်းပါ။ စ တုတ်စီးတီးက ပြီးခဲ့တဲ့ပွဲမှာ နိုင်ခဲ့ပေမယ့် ယုံကြည်လို့ရတဲ့အ နေအထားမဟုတ်သေးပါဘူး။ ဒီပွဲမှာလည်း အိမ်ရှင် ဟတ်ဒါ ဖီးလ် ရလဒ်ကောင်းမယ်ထင်တယ်။

■ မန်ယူ နှင့် ဘန်လေ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၆ ည ၉း၃၀ နာရီ)

ဘန်လေက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ စပါးကို ဂိုးပြတ်ရှုံး ခဲ့ပြီး မန်ယူကလည်း လက်စတာကို အနိုင်ရသင့်လျက်နဲ့ သရေ ကျခဲ့လို့ (၁)မှတ်ပဲ ရခဲ့တယ်။ ချန်ပီယံမျှော်လင့်ချက်က လက် လွှတ်လိုက်ရသလောက်ဖြစ်သွားပါပြီ။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင် ခွင့်တင်မကဘဲ အဆင့် (၂)နေရာရဖို့ကလည်း ဂုဏ်သိက္ခာအရ အရေးပါနေသေးတယ်လို့ ဆိုရမယ်။ ဒါကြောင့် လက်ကျန်ပွဲတွေ မှာလည်း အာရုံစူးစိုက်မှုလျော့မှာမဟုတ်ဘူး။ အိမ်ကွင်းရလဒ်က လည်းကောင်းပါတယ်။ မန်ယူ အနိုင်သေချာတယ်။

 

■ ဝက်ဖို့ဒ် နှင့် လက်စတာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၆ ည ၉း၃၀ နာရီ)

ဝက်ဖို့ဒ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့် (၄)အထိ တက်ခဲ့ဖူးသေးတယ်။ အခုတော့ နေရာမှန်ကို ပြန်ရောက်သွားပြီ။ နိုင်ပွဲတစ်ပွဲရဖို့ အရမ်းခက်နေတယ်။ တစ်ရာသီလုံးမှာ အိမ်ကွင်း နိုင်ပွဲ နှစ်ပွဲပဲ ရသေးတာကလည်း အံ့သြစရာပဲ။ ရစ်ချာလီဆန် ခြေပျက်သွားကတည်းက အသင်းရဲ့တိုက်စစ်လည်း ပျက်သွား တယ်။ လက်စတာက ပရီးမီးယားလိဂ်အဝေးကွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက မရှုံးတော့တာ အံ့သြစရာကောင်း တယ်။ လက်စတာကိုပဲ ကြိုက်တယ်။

 

■ ဝက်စ်ဘရွန်း နှင့် အဲဗာတန် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၆ ည ၉း၃၀ နာရီ)

ဝက်စ်ဘရွန်းက ဒီရာသီမှာ နောက်ခံလူ ဟီဂါဇီကလွဲပြီး တစ်သင်းလုံးညံနေတယ်။ တစ်ရာသီလုံးမှာ နိုင်ပွဲ (၂)ပွဲပဲ ရသေး တယ်။ (၁၉)ပွဲမှာ (၁၄)မှတ်ပဲ ရထားတဲ့ စွမ်းဆောင်ရည်က စိတ် ပျက်စရာကောင်းတယ်။ အိမ်ကွင်းမှာတောင် စိတ်မချရဘူးဖြစ် နေတယ်။ အဲဗာတန်က ဆမ်အလာဒိုက်စ်လက်ထက်မှာလုံး၀ ခြားနားသွားပြီ။ နောက်ဆုံး (၅)ပွဲမှာ (၃)ပွဲနိုင်ပြီး လီဗာပူးလ်နဲ့ ချယ်လ်ဆီးကိုသရေကစားခဲ့တယ်။ ဒီပွဲလည်း အဲဗာတန်ကိုပဲ ကြိုက်တယ်။

 

■ လီဗာပူးလ် နှင့် ဆွမ်ဆီး (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၆ ည ၁၂း၀၀ နာရီ)

ကလော့ပ်က သူ့အသင်းရဲ့ဒီရာသီအိမ်ကွင်းစွမ်းဆောင် ရည်ကို ဒေါသထွက်နေတယ်။ မဆံုံးရှုံးသင့်တဲ့အမှတ်တွေဆုံး ရှုံးနေပြီး ရာသီအစကတည်းက အမှားများတဲ့ ခံစစ်ကလည်း ရေရှည်စိတ်ချရမှုကိုမတွေ့ရသေးဘူး။ ငြိမ်လာမယ်ကြံရင် ပြန် ဖောက်သွားတယ်။ အိမ်ကွင်းနောက်ဆုံးနှစ်ပွဲပေါင်း ဂိုးသွင်းခွင့် အကြိမ် (၆၀)နီးပါးရခဲ့ပြီး (၁)ဂိုးပဲ သွင်းနိုင်ခဲ့တာကလည်း စိတ် ပျက်စရာကောင်းတယ်။ နောက်ဆုံးအဝေးကွင်းနှစ်ပွဲမှာတော့ (၇)ဂိုးရခဲ့တယ်။ ဒီပွဲမှာ ဂိုးတွေပြန်သွင်းလိမ့်မယ်။

Most Read

Most Recent