ကော်တင်ဟိုအတွက် ဘာစီလိုနာအသင်း ပေါင် (၁၃၂)သန်းအသုံးပြုသွားဖွယ်ရှိပြီး ဇန်နဝါရီတွင် အရခေါ်ယူရန် ရည်မှန်းထား

ကော်တင်ဟိုအတွက် ဘာစီလိုနာအသင်း ပေါင် (၁၃၂)သန်းအသုံးပြုသွားဖွယ်ရှိပြီး ဇန်နဝါရီတွင် အရခေါ်ယူရန် ရည်မှန်းထား
Published 21 December 2017

 

ဘာစီလိုနာအသင်းသည် လီဗာပူးလ်အသင်းမှ ကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေး
ပေါင် (၁၃၂)သန်းအသုံးပြုသွားဖွယ်ရှိပြီး လာမည့်ဇန်နဝါရီတွင် အရခေါ်ယူရန်
ရည်မှန်းထားကြောင်း စပိန်သတင်းစာများက ဖော်ပြခဲ့သည်။
ကော်တင်ဟိုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် ဘာစီလိုနာအသင်းသို့
ရောက်ရှိရန်နီးစပ်ခဲ့ပြီး
ဘာစီလိုနာအသင်း၏ (၃)ကြိမ်တိုင် ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းက ပယ်ချခဲ့သဖြင့်
အပြောင်းအရွှေ့ဖြစ်မလာခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

Photo: LiverpoolFC

ယင်းအချိန်က ဘာစီလိုနာအသင်း၏ တတိယအကြိမ်ကမ်းလှမ်းမှုမှာပေါင် (၁၁၉)သန်းအထိ ရှိခဲ့ကြောင်း သိရသည်။
ကော်တင်ဟိုသည် လက်ရှိအချိန်၌ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြကစားနေသော်လည်း
ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလ၌ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန်
လီဗာပူးလ်အသင်းထံ တောင်းဆိုခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent