El Clasico ပွဲတွင် နိုင်ပွဲရလိုသည်ဟု ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ဝန်ခံ

El Clasico ပွဲတွင် နိုင်ပွဲရလိုသည်ဟု ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ဝန်ခံ
Published 20 December 2017

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက လာမည့်စနေနေ့တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကစားမည့် El Clasico ပွဲစဉ်တွင် နိုင်ပွဲရလိုကြောင်း ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့သည့် စပိန်သတင်းစာ Marca ၏ ၂၀၀၆-၁၇ ရာသီ လာလီဂါ အကောင်းဆုံး ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်စဉ် ပြောကြားခဲ့သည်။

“ဒီပွဲစဉ်မှာ အနိုင်ရဖို့ အရေးကြီးပါတယ်။ ရီးယဲလ်မက်ဒရစ်ကွင်းမှာ အနိုင်ရခဲ့ရင် တန်ဖိုးကြီးမားလှပါတယ်။ အမှတ်ပေးပွဲတွေကတော့ များစွာကျန်ပါသေးပါတယ်။ ဒါပေမဲ့ နှစ်တစ်နှစ်ကို နိုင်ပွဲနဲ့ အဆုံးသတ်နိုင်တာဟာ အလွန်ချိုမြိန်တဲ့ အရာဖြစ်ပြီး ခရစ္စမတ်ကာလကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါလိမ့်မယ်” ဟု မက်ဆီက ပြောကြားခဲ့သည်။ မက်ဆီသည် ယင်းအကောင်းဆုံးဆုပေးပွဲတွင် ပီချီချီဆု(လာလီဂါ ဂိုးသွင်းဘုရင်)နှင့် ဒီစတီဖာနိုဆု(လာလီဂါအကောင်းဆုံး ဘောလုံးသမား)တို့ကို ဆွတ်ခူးရရှိခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ပီချီချီဆုကို လေးကြိမ်မြောက်နှင့် ဒီစတီဖာနိုဆုကို ငါးကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အင်နီယေစတာက နိုင်ငံလက်ရွေးစင်အသင်း၏ တန်ဖိုးအရှိဆုံး ကစားသမားဆု၊ အက်သလက်တီကိုအသင်းမှ အိုဘလက်ခ်တို့က အကောင်းဆုံးဂိုးသမားဆုများ ရရှိခဲ့သည်။ ဘာစီလိုနာအသင်းသည် လက်ရှိတွင် အဆင့်လေးနေရာမှ ရီးယဲလ်မက်ဒရစ်ကို ၁၁ မှတ်ဖြတ်ကာ ဦးဆောင်နေသည်။

Most Read

Most Recent