ပြင်သစ်လူငယ်အကောင်းဆုံးဆု PSG တိုက်စစ်မှူး ဘာပေ ဆွတ်ခူး

ပြင်သစ်လူငယ်အကောင်းဆုံးဆု PSG တိုက်စစ်မှူး ဘာပေ ဆွတ်ခူး
Published 19 December 2017

PSG အသင်း၏ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေသည် ၂၀၁၇ ခုနှစ်အတွက် ပြင်သစ် လူငယ်အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယင်းဆုကို ပြင်သစ်အခြေစိုက် TP1 ရုပ်သံဌာန၏ Telefoot အစီအစဉ်က ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး ကျွမ်းကျင်သူများနှင့် ပရိသတ်များ၏ ဆန္ဒမဲပေးမှုဖြင့် ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဘာပေသည် ကျွမ်းကျင်သူများ၏ မဲပေးမှုတွင် ရမှတ်အများဆုံး (၁၁ မှတ်) ရရှိပြီး ပရိသတ်များ၏ မဲပေးမှုတွင်  မာဆေးလ်ကွင်းလယ်ကစားသမား မက်ဆီမီလိုပက်ဇ် (၁၁ မှတ်) ၏နောက်တွင် ၁၀ မှတ် ဖြင့် ဒုတိယအများဆုံး ရရှိခဲ့သည်။

ထို့ကြောင့် စုစုပေါင်း ရမှတ်တွက်ချက်ရာတွင် ဘာပေက ၂၁ မှတ်ဖြင့် အကောင်းဆုံးဆု ဆွတ်ခူးရရှိခဲ့ ခြင်းဖြစ်သည်။

ဘာပေသည် ပြီးခဲ့သည့်ရာသီတွင် မိုနာကိုအသင်းအတွက် ပြိုင်ပွဲစုံ ၂၆ ဂိုးသွင်းယူကာ ပြင်သစ်လီဂူး ချန်ပီယံဆုရယူ ပေးခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သည်။

၎င်းသည် နွေရာသီတွင် PSG အသင်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၁ ဂိုးသွင်းယူထားသလို ပြင်သစ်အသင်းအတွက်လည်း ၁၀ ပွဲ ကစား တစ်ဂိုးသွင်းယူပေးထားသူဖြစ်သည်။

၎င်း၏နောက်တွင် မာစီယဲလ် (မန်ယူ) က ၁၉ မှတ်ဖြင့် ဒုတိယနှင့် လိုပက်ဇ် က ၁၈ မှတ်ဖြင့် တတိယရရှိခဲ့သည်။

Most Read

Most Recent