ပြင်သစ်လူငယ်အကောင်းဆုံးဘောလုံးသမားဆုကို ဘာပေ ဆွတ်ခူး

ပြင်သစ်လူငယ်အကောင်းဆုံးဘောလုံးသမားဆုကို ဘာပေ ဆွတ်ခူး
Published 18 December 2017

Photo: Twitter

PSGလူငယ်တိုက်စစ်မှူး ဘာပေသည် ၂၀၁၇ခုနှစ် ပြင်သစ်လူငယ်အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယင်းဆုကို ပြင်သစ်ဘောလုံးရုပ်သံ Telefoot ကမကထပြု ချီးမြှင့်ခြင်းဖြစ်ပြီး ခုံအဖွဲ့တစ်ဖွဲ့နှင့် ပရိသတ်များ၏မဲပေးမှုကို ပူးပေါင်းကာ တွက်ချက်ခြင်းဖြစ်သည်။

ဘာပေက ပရိသတ်များ၏မဲပေးမှု (၁၀)မှတ်၊ ခုံအဖွဲ့၏မဲပေးမှု စုစုပေါင်း(၂၁)မှတ်ဖြင့် အကောင်းဆုံးဆုရရှိခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်းမှ မာစီယဲလ်က (၁၉)မှတ်ဖြင့် ဒုတိယ၊ မာဆေးလ်ကွင်းလယ်လူ မာဇင်လိုပက်ဇ်က (၁၈)မှတ်ဖြင့် တတိယ၊ ဘာစီလိုနာတောင်ပံတိုက်စစ်သမား အူစမန်ဒမ်ဘီလီက (၁၅)မှတ်ဖြင့် စတုတ္ထ၊ ဆဲလ်တစ်တိုက်စစ်မှူး မူဆာဒမ်ဘီလီက (၁၃)မှတ်ဖြင့် ပဉ္စမ အသီးသီးရရှိခဲ့သည်။

ပရိသတ်များ၏မဲပေးမှုတွင် မာဇင်လိုပက်ဇ်က (၁၁)မှတ်ဖြင့် အမှတ်အများဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent