စပါးအသင်းကို ဂိုးပြတ်ချေမှုန်းပြီး မန်စီးတီး ဆက်လက်နိုင်ပွဲဆက်

စပါးအသင်းကို ဂိုးပြတ်ချေမှုန်းပြီး မန်စီးတီး ဆက်လက်နိုင်ပွဲဆက်
Published 17 December 2017

Photo: Daily Mail

ပရီးမီးယားလိဂ်ပွဲစဉ်(၁၈) စနေညနောက်ဆုံးပွဲအဖြစ် မန်စီးတီးနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်စီးတီးက (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ တိုက်စစ်မှာ အဂွဲရိုး၊ ဆာနေး၊ စတာလင်၊ ကွင်းလယ်မှာ ဂွန်ဒိုဂန်၊ ဖာနန်ဒင်ဟို၊ ဒီဘရိုင်းနား၊ နောက်တန်းမှာ ဒဲလ်ဖ်၊ မန်ဂါလာ၊ အော်တာမန်ဒီ၊ ဝေါ်လ်ကာတို့နဲ့ ပွဲထွက်လာခဲ့ပြီး စပါးကတော့ တိုက်စစ်မှာ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်၊ ကွင်းလယ်မှာ အယ်လီ၊ အဲရစ်ဆင်၊ ဟာရီဝင့်ခ်၊ ဒမ်ဘီလီ၊ နောက်တန်းမှာ ဒန်နီရို့စ်၊ ဗာတွန်ဂန်၊ ဒိုင်ယာ၊ ထရစ်ပီယာတို့နဲ့ ပွဲထွက်လာပါတယ်။

မန်စီးတီးအသင်းဟာ ဒီနေ့ပွဲမှာ အရင်ပွဲတွေလောက် ဘောလုံးပိုင်ဆိုင်မှုမရခဲ့ပေယ့် အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရခဲ့တာပါ။ မန်စီးတီးအသင်းအတွက် ဂိုးတွေကို ဂွန်ဒိုဂန် (၁၄မိနစ်)၊ ဒီဘရိုင်းနား (၇၀ မိနစ်)၊ စတာလင် (၈၀၊ ၉၀ မိနစ်)တို့ သွင်းယူခဲ့ပြီး စပါးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ အဲရစ်ဆင်က ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ သွင်းယူခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ (၇၅)မိနစ်မှာ ပယ်နယ်တီရရှိခဲ့သေးပြီး လူစားဝင် တိုက်စစ်မှူး ဂျေးဆူ ကန်သွင်းရာမှာ လွဲချော်ခဲ့လို့သာ ဒီထက်ဂိုးမပြတ်ခဲ့တာပါ။ ဒီပွဲမှာ နှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ စတာလင်ကတော့ ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး(၁၅)ဂိုးအထိရှိလာပြီး အသင်းမှာ ဂိုးအများဆုံး သွင်းထားသူ ဖြစ်နေပါတယ်။

မန်စီးတီးကတော့ ပရီးမီးယားလိဂ်မှာ (၁၆)ပွဲဆက် အနိုင်ရခဲ့တာဖြစ်သလို၊ နှစ်သစ်မကူးခင်မှာ မန်ယူ၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ စပါး အစရှိတဲ့ အသင်းကြီး (၅)သင်းစလုံးကို အနိုင်ရတဲ့ ပထမဆုံးအသင်းလည်း ဖြစ်လာခဲ့ပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်များ
လက်စတာ ဝ-၃ ခရစ္စတယ်ပဲလေ့စ်
အာဆင်နယ် ၁-၀ နယူးကာဆယ်
ဘရိုက်တန် ဝ-၀ ဘန်လေ
ချယ်လ်ဆီး ၁-၀ ဆောက်သမ်တန်
စတုတ်စီးတီး ဝ-၃ ဝက်စ်ဟမ်း
ဝက်ဖို့ဒ် ၁-၄ ဟတ်ဒါဖီးလ်
မန်စီးတီး ၄-၁ စပါး

■ လာလီဂါရလဒ်များ
ဘီလ်ဘာအို ဝ-၀ ဆိုစီဒက်
အီဘာ ၂-၁ ဗလင်စီယာ

■ စီးရီးအေရလဒ်များ
အင်တာမီလန် ၁-၃ အူဒီးနီးစ်
တိုရီနို ၁-၃ နာပိုလီ

■ ဘွန်ဒစ်လီဂါရလဒ်များ
ကိုလုံး ၁-၀ ဝုလ်ဖ်ဘတ်
ဝါဒါဘရီမင် ၂-၂ မိန့်ဇ်
ဖရန့်ဖတ် ၂-၂ ရှော်လ်ကေး
အော့စ်ဘတ် ၃-၃ ဖရိုင်းဘတ်
စတုဂတ် ဝ-၁ ဘိုင်ယန်မြူးနစ်
ဒေါ့မွန် ၂-၁ ဟော်ဖန်ဟင်မ်

■ ပြင်သစ်လီဂူးရလဒ်များ
ရန်းစ် ၁-၄ PSG

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
ဘာမင်ဂမ် ၁-၂ QPR
ဘော်လ်တန် ဝ-၁ ဘာတန်
ဘရန့်ဖို့ဒ် ဝ-၀ ဘန်စလေ
ဘရစ္စတိုးလ်စီးတီး ၂-၁ နော်တင်ဟမ်
ဒါဘီ ၂-၀ အက်စတွန်ဗီလာ
အစ်ဝစ်ချ် ၂-၀ ရက်ဒင်း
လိဒ်စ် ၁-၀ နောဝစ်ချ်
မီဝေါလ် ၂-၁ မစ်ဒယ်ဘရော့
ပရက်စတန် ၁-၀ ရှက်ဖီးယူနိုက်တက်
ဆန်းဒါးလန်း ၁-၀ ဖူလ်ဟမ်
ကာဒစ်ဖ် ၁-၀ ဟားလ်စီးတီး

Most Read

Most Recent