ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူ

ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူ
Published 17 December 2017

ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) စနေည အစောပိုင်းပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြပါတယ်။

ချယ်လ်ဆီးက အိမ်ကွင်းမှာ ဆောက်သမ်တန်ကို လက်ခံကစားခဲ့ပြီး (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး မိုရာတာကို ဒုတိယပိုင်းမှသာ လူစားဝင် ကစားစေခဲ့ပြီး ဟာဇက်၊ ပတ်ဒရို၊ ဝီလီယံတို့နဲ့ တိုက်စစ်ကို ခင်းကျင်းခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ မားကို့စ်အလွန်ဆိုက ပထမပိုင်း နာကျင်အချိန်ပိုမှာ ဖရီးကစ်ကတစ်ဆင့် တိုက်ရိုက်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နည်းပြ ကွန်တီလက်ထက် ပြိုင်ပွဲစုံမှာ တိုက်ရိုက်ဖရီးကစ်သွင်းဂိုး (၇)ဂိုးအထိ ရရှိထားပြီး ဒီကာလအတွင်းမှာ တခြားဘယ်ပရီးမီးယားလိဂ်အသင်းထက်မဆို သာလွန်နေပါတယ်။

အာဆင်နယ်ကလည်း အိမ်ကွင်းမှာ နယူးကာဆယ်ကို လက်ခံကစားခဲ့ပြီး (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လာကာဇက်၊ ဆန်းချက်ဇ်၊ အိုဇေးလ်တို့ တိုက်စစ်နဲ့ နယူးကာဆယ်အသင်းကို တစ်ဖက်သတ် ဖိအားပေးကစားနိုင်ခဲ့ပေမယ့် (၂၃)မိနစ်မှာ အိုဇေးလ် သွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့သာ အနိုင်ရခဲ့ပါတယ်။ အိုဇေးလ်ကတော့ အီမရိတ်စ်မှာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ သွင်းဂိုး(၆)ဂိုးထဲ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီး (၂)ဂိုးသွင်းကာ (၄)ကြိမ်ဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။

အခြားပွဲတွေမှာ လက်စတာနဲ့ ဝက်ဖို့ဒ်တို့က အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ပြီး ဘရိုက်တန်နဲ့ ဘန်လေတို့ ပွဲကတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဝက်ဖို့ဒ်ကတော့ အခုပွဲမှာ ဒီးနီ ထုတ်ပယ်ခံရပြီး (၃)ပွဲဆက် ကစားသမားတစ်ဦးစီ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်များ

လက်စတာ ဝ-၃ ခရစ္စတယ်ပဲလေ့စ်

အာဆင်နယ် ၁-၀ နယူးကာဆယ်

ဘရိုက်တန် ဝ-၀ ဘန်လေ

ချယ်လ်ဆီး ၁-၀ ဆောက်သမ်တန်

ဝက်ဖို့ဒ် ၁-၄ ဟတ်ဒါဖီးလ်

■ လာလီဂါရလဒ်များ

ဘီလ်ဘာအို ဝ-၀ ဆိုစီဒက်

Photo: Reuters

Photo: DailyMail

■ စီးရီးအေရလဒ်များ

အင်တာမီလန် ၁-၃ အူဒီးနီးစ်

■ ဘွန်ဒစ်လီဂါရလဒ်များ

ကိုလုံး ၁-၀ ဝုလ်ဖ်ဘတ်

ဝါဒါဘရီမင် ၂-၂ မိန့်ဇ်

ဖရန့်ဖတ် ၂-၂ ရှော်လ်ကေး

အော့စ်ဘတ် ၃-၃ ဖရိုင်းဘတ်

စတုဂတ် ဝ-၁ ဘိုင်ယန်မြူးနစ်

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ

ဘာမင်ဂမ် ၁-၂ QPR

ဘော်လ်တန် ဝ-၁ ဘာတန်

ဘရန့်ဖို့ဒ် ဝ-၀ ဘန်စလေ

ဘရစ္စတိုးလ်စီးတီး ၂-၁ နော်တင်ဟမ်

ဒါဘီ ၂-၀ အက်စတွန်ဗီလာ

အစ်ဝစ်ချ် ၂-၀ ရက်ဒင်း

လိဒ်စ် ၁-၀ နောဝစ်ချ်

မီဝေါလ် ၂-၁ မစ်ဒယ်ဘရော့

ပရက်စတန် ၁-၀ ရှက်ဖီးယူနိုက်တက်

ဆန်းဒါးလန်း ၁-၀ ဖူလ်ဟမ်

Most Read

Most Recent