ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူ

ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူ
Published 17 December 2017

ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) စနေည အစောပိုင်းပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြပါတယ်။
ချယ်လ်ဆီးက အိမ်ကွင်းမှာ ဆောက်သမ်တန်ကို လက်ခံကစားခဲ့ပြီး (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး မိုရာတာကို ဒုတိယပိုင်းမှသာ လူစားဝင် ကစားစေခဲ့ပြီး ဟာဇက်၊ ပတ်ဒရို၊ ဝီလီယံတို့နဲ့ တိုက်စစ်ကို ခင်းကျင်းခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ မားကို့စ်အလွန်ဆိုက ပထမပိုင်း နာကျင်အချိန်ပိုမှာ ဖရီးကစ်ကတစ်ဆင့် တိုက်ရိုက်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နည်းပြ ကွန်တီလက်ထက် ပြိုင်ပွဲစုံမှာ တိုက်ရိုက်ဖရီးကစ်သွင်းဂိုး (၇)ဂိုးအထိ ရရှိထားပြီး ဒီကာလအတွင်းမှာ တခြားဘယ်ပရီးမီးယားလိဂ်အသင်းထက်မဆို သာလွန်နေပါတယ်။
အာဆင်နယ်ကလည်း အိမ်ကွင်းမှာ နယူးကာဆယ်ကို လက်ခံကစားခဲ့ပြီး (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လာကာဇက်၊ ဆန်းချက်ဇ်၊ အိုဇေးလ်တို့ တိုက်စစ်နဲ့ နယူးကာဆယ်အသင်းကို တစ်ဖက်သတ် ဖိအားပေးကစားနိုင်ခဲ့ပေမယ့် (၂၃)မိနစ်မှာ အိုဇေးလ် သွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့သာ အနိုင်ရခဲ့ပါတယ်။ အိုဇေးလ်ကတော့ အီမရိတ်စ်မှာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ သွင်းဂိုး(၆)ဂိုးထဲ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီး (၂)ဂိုးသွင်းကာ (၄)ကြိမ်ဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။
အခြားပွဲတွေမှာ လက်စတာနဲ့ ဝက်ဖို့ဒ်တို့က အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ပြီး ဘရိုက်တန်နဲ့ ဘန်လေတို့ ပွဲကတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဝက်ဖို့ဒ်ကတော့ အခုပွဲမှာ ဒီးနီ ထုတ်ပယ်ခံရပြီး (၃)ပွဲဆက် ကစားသမားတစ်ဦးစီ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။
■ ပရီးမီးယားလိဂ်ရလဒ်များလက်စတာ ဝ-၃ ခရစ္စတယ်ပဲလေ့စ်အာဆင်နယ် ၁-၀ နယူးကာဆယ်ဘရိုက်တန် ဝ-၀ ဘန်လေချယ်လ်ဆီး ၁-၀ ဆောက်သမ်တန်စတုတ်စီးတီး - ဝက်စ်ဟမ်းဝက်ဖို့ဒ် ၁-၄ ဟတ်ဒါဖီးလ်မန်စီးတီး - စပါး
■ လာလီဂါရလဒ်များဘီလ်ဘာအို ဝ-၀ ဆိုစီဒက်အီဘာ - ဗလင်စီယာအက်သလက်တီကို - အလာဗတ်စ်
■ စီးရီးအေရလဒ်များအင်တာမီလန် ၁-၃ အူဒီးနီးစ်တိုရီနို - နာပိုလီရိုးမား - ကာဂလီယာရီ
■ ဘွန်ဒစ်လီဂါရလဒ်များကိုလုံး ၁-၀ ဝုလ်ဖ်ဘတ်ဝါဒါဘရီမင် ၂-၂ မိန့်ဇ်ဖရန့်ဖတ် ၂-၂ ရှော်လ်ကေးအော့စ်ဘတ် ၃-၃ ဖရိုင်းဘတ်စတုဂတ် ဝ-၁ ဘိုင်ယန်မြူးနစ်ဒေါ့မွန် - ဟော်ဖန်ဟင်မ်
■ ပြင်သစ်လီဂူးရလဒ်များရန်းစ် - PSGကိန်း - ဂူအင်ဂမ့်ဒီယွန်း - လိုင်လီမောင့်ပယ်လီယာ - မက်ဇ်စထရာဘိုး - တူးလူးထရွိုင်စ် - အာမီယန်စ်
■ လိဂ်ချန်ပီယံရှစ်ရလဒ်များဘာမင်ဂမ် ၁-၂ QPRဘော်လ်တန် ဝ-၁ ဘာတန်ဘရန့်ဖို့ဒ် ဝ-၀ ဘန်စလေဘရစ္စတိုးလ်စီးတီး ၂-၁ နော်တင်ဟမ်ဒါဘီ ၂-၀ အက်စတွန်ဗီလာအစ်ဝစ်ချ် ၂-၀ ရက်ဒင်းလိဒ်စ် ၁-၀ နောဝစ်ချ်မီဝေါလ် ၂-၁ မစ်ဒယ်ဘရော့ပရက်စတန် ၁-၀ ရှက်ဖီးယူနိုက်တက်ဆန်းဒါးလန်း ၁-၀ ဖူလ်ဟမ်ကာဒစ်ဖ် - ဟားလ်စီးတီး

Most Read

Most Recent