အသင်းနောက်ခံလူ ဝေါ်လ်ကာ ဘောလုံးဦးနှောက်သုံးကစားရန် လိုအပ်နေသေးဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ သတိပေး

အသင်းနောက်ခံလူ ဝေါ်လ်ကာ ဘောလုံးဦးနှောက်သုံးကစားရန် လိုအပ်နေသေးဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ သတိပေး
Published 16 December 2017

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းနောက်ခံလူ ဝေါ်လ်ကာသည် ကမ္ဘာ့အကောင်းဆုံး
ညာနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်နိုင်သော်လည်း ဘောလုံးကို ယခုထက်ပို၍ ဦးနှောက်သုံးကစားရန်
လိုအပ်ကြောင်း သတိပေးခဲ့သည်။
အသက် (၂၇)နှစ်အရွယ် ဝေါ်လ်ကာသည် လက်ရှိဘောလုံးရာသီတွင် စပါးအသင်းမှ
မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး အဓိကကစားသမားတစ်ဦးအဖြစ်
ပါဝင်ခြေစွမ်းပြနေသူဖြစ်သည်။

Photo: The Sun

Photo: The Sun

သို့သော် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက '' ကမ္ဘာ့အကောင်ဆုံးနောက်ခံလူတွေထဲက တစ်ဦးကို ကျွန်တော် ပိုင်ဆိုင်ထားပါတယ်။ သူက သန်သန်မာမာကစားနိုင်တယ်။
သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းက ပြောစရာမရှိပေမယ့် တွေးခေါ်ကစားပုံပိုကောင်းလာဖို့အတွက်
ကျွန်တော် ကူညီပေးနေရပါတယ်။ ဘောလုံးသမားတစ်ဦးဟာ ကြံ့ခိုင်သန်မာနေရင် ပြဿနာအားလုံးနီးပါးကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အသက် (၂၈)၊ (၂၉)၊ (၃၀)လောက်
ရောက်လာပြီဆိုရင်တော့ ဉာဏ်သုံးပြီး ကစားတတ်ဖို့ လိုပါတယ်'' ဟု ဝေါ်လ်ကာကို
ရည်ညွှန်း၍ ပြောကြားခဲ့သည်။

Most Read

Most Recent