စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်
Published 16 December 2017

နာပိုလီအသင်းမှ အယ်လန်နှင့်
တိုရီနိုအသင်းမှ ဘိုယီတို့
ဘောလုံးယှဉ်လုနေစဉ်
Photo: AFP

အင်တာမီလန် နှင့် အူဒီးနီးစ် (စနေည ၈း၃၀ နာရီ)

အူဒီးနီးစ် (၂)ပွဲဆက်နိုင်ခဲ့တယ်ဆိုပေမယ့် တန်းဆင်းဇုန် ပတ်ဝန်းကျင်ကအသင်းတွေကို အနိုင်ရခဲ့တာပါပဲ။ အင်တာမီ လန်ရဲ့ ဒီရာသီအိမ်ကွင်းမာဂုဏ်က စိတ်ချရတယ်။ (၈)ပွဲကစား ပြီးချိန်မှာ (၇)ပွဲနိုင်ပြီး (၁)ပွဲပဲသရေကျထားတယ်။ တစ်ပွဲပျမ်းမျှ အိမ်ကွင်းသွင်းဂိုး (၂.၅)ဂိုးရှိနေတယ်။ အင်တာမီလန် အနိုင် သေချာတယ်။ ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။

တိုရီနို နှင့် နာပိုလီ (စနေည ၁၁း၃၀ နာရီ)

အစဉ်အလာအရ တိုရီနိုကွင်းဟာ နာပိုလီအတွက် သားရဲတွင်းမဟုတ်ဘူး။ သက်သောင့်သက်သာနိုင်ပွဲတွေကို နာပိုလီပုံဖော် နိုင်လေ့ရှိတယ်။ ပြီးတော့ ဒီရာသီမှာ နာပိုလီဟာ အဝေးကွင်း ရှုံးပွဲလုံးဝမရှိသေးဘဲ (၇)ပွဲနိုင်၊ (၁)ပွဲသရေကစားထားတယ်။ ဒီမှတ် တမ်းမှတ်ရာတွေဟာ နာပိုလီကိုရင်ဆိုင်ရမယ့် တိုရီနိုအတွက် ထိတ်လန့်စရာစောင့်ကြိုနေပါတယ်။ ဒါပေမဲ့ လတ်တလောနာပိုလီ ရဲ့ တိုက်စစ်အရွေ့တွေအားပျော့နေပြီး အသင်းလိုက်ကစားဟန် ပျောက်ဆုံးနေသလို ယုံကြည်မှုလည်းကျဆင်းနေတယ်။ တိုရီနိုက နောက်ဆုံးပွဲမှာ တစ်ယောက်လျော့လာဇီယိုကို ဂိုးပြတ်နိုင်ထားသလို၊ နောက်ဆုံး (၆)ပွဲဆက် ရှုံးပွဲမရှိခဲ့ပါဘူး။ ဘယ်လော့တီ ဂိုးရဖို့ ရုန်းကန်နေရပေမယ့် ဘက်ဆယ်လီ၊ ရင်ကွန်၊ ဖယ်လ်ကေတို့ ခြေစွမ်းပြနေပါတယ်။ ဝါရင့်ဂိုးသမား ဆီရီဂူကလည်း တစ်ကျော့ပြန် လက်စွမ်းပြနေလို့ နာပိုလီတိုက်စစ်မတည်ငြိမ်သေးပုံနဲ့ ဂိုးရဖို့ခက်နိုင်ပါတယ်။ အင်ဆစ်ဂ်နီ ပြန်ပါလာမယ်ဆိုရင် နာပိုလီမျှော် လင့်ချက်အားကောင်းနိုင်ပေမယ့် တိုရီနို အမှတ်လုယူနိုင်ခြေရှိပါတယ်။
(၁-၁)၊ (၁-၂)ဆိုတဲ့ရလဒ်မျိုး ဖြစ်လာနိုင်တယ်။

ရိုးမား နှင့် ကာဂလီယာရီ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ရိုးမားကွင်းမှာ ကာဂလီယာရီ ဂိုးမသွင်းနိုင်တာကြာပါပြီ။ ဒါပေမဲ့ ဒီရာသီအဝေးကွင်းမှာ ကာဂလီယာရီ ပုံမှန်နီးပါးဂိုးသွင်း နေနိုင်လို့ ရိုးမားခံစစ်သတိထားရပါမယ်။ ယာအိုပတ်ဒရို၊ ပယ် ဗော့လက်တီတို့က အခွင့်အရေးရရင် ခြိမ်းခြောက်နိုင်တဲ့ကစား သမားတွေဖြစ်နေလို့ ရိုးမား နိုင်မယ်ဆိုပေမယ့် ဂိုးပြန်ပေးရမယ် ထင်တယ်။ (၃-၁)ဆိုတဲ့ ရလဒ်မျိုး ဖြစ်လာနိုင်တယ်။

Most Read

Most Recent